ချစ်ခြင်းကြောင့်စိုးရိမ်ခြင်းဖြစ်ရ၏။
ချစ်ခြင်းကြောင့်ကြောက်ရခြင်းဖြစ်ရ၏။
ချစ်ခြင်းကင်းလွတ်သောသူမှာစိုးရိမ်ရခြင်းမရှိ၊
ကြောက်ရခြင်းအဘယ်မှာရှိအံ့နည်း။

မြတ်နိုးခြင်းကြောင့်စိုးရိမ်ခြင်းဖြစ်ရ၏။
မြတ်နိုးခြင်းကြောင့်ကြောက်ခြင်းဖြစ်ရ၏။
မြတ်နိုးခြင်းကင်းလွတ်သောသူမှာစိုးရိမ်ရခြင်းမရှိ၊
ကြောက်ရခြင်းအဘယ်မှာရှိအံ့နည်း။

ပျော်ပါးမွေ့ လျှော်ခြင်းကြောင့်စိုးရိမ်ခြင်းဖြစ်ရ၏။
ပျော်ပါးမွေ့ လျှော်ခြင်းကြောင့်ကြောက်ခြင်းဖြစ်ရ၏။
ပျော်ပါးမွေ့ လျှော်ခြင်းကင်းလွတ်သောသူမှာစိုးရိမ်ရခြင်းမရှိ၊
ကြောက်ရခြင်းအဘယ်မှာရှိအံ့နည်း။

တပ်မက်ခြင်းကြောင့်စိုးရိမ်ခြင်းဖြစ်ရ၏။
တပ်မက်မောခြင်းကြောင့်ကြောက်ခြင်းဖြစ်ရ၏။
တပ်မက်မောခြင်းမှကင်းလွတ်သောသူမှာစိုးရိမ်ရခြင်းမရှိ၊
ကြောက်ရခြင်းအဘယ်မှရှိအံ့နည်း။

ဓမ္မပဒ
Dhammapada

0 ယောက်ဆွေးနွေးချက်: