မရှက်သင့်သောအရှက်တရားနှင့် ရှက်သင့်သောအရှက်တရား

7 ယောက်ဆွေးနွေးချက်
လူတွေမှာ အမျိုးမျိုးသော သဘောတရားများရှိကြတဲ့အနက် ဟီရိသြတ္တပ္ပဆိုတဲ့ အရှက်တရား လည်းပါဝင်ပါတယ်။ တစ်ခုခုကို စိုးရိမ်ပြီး မလုပ်ရဲမကိုင်ရဲတာမျိုး၊ ကြောက်ရွံ့ ထိန့် လန့် တာမျိုး ကို အရှက်တရားလို့ ဆိုရမယ်ထင်ပါတယ်။

ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင်လည်း ဟိုဟာမလုပ်ရဲ၊ ဒီဟာမလုပ်ရဲ နဲ့ ကြောက်ရွံ့ နေတတ် တာတွေတော်တော်များများ ရှိခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်ထိ အဲဒီလိုဖြစ်တာတွေများ ခဲ့လို့ အမေက အဖိုးပြောတဲ့စကားတစ်ခွန်းကို ပြန်ပြောပါတယ်။ အဲဒါကတော့ ကိုယ်ကမဟုတ် တာ၊ မကောင်းတာ မလုပ်ရင် ဘယ်နေရာမှာမှ ရှက်စရာမလိုပါဘူး ဆိုတာပါပဲ။ သူတစ်ပါး ဥစ္စာ ခိုးယူတာ၊ ခိုးစားတာ ဆိုရင်တော့ရှက်ပါတဲ့။ ဒီနောက် ကျွန်မလည်းအရှက်အကြောက်နည်းပါး လာတယ်လို့ ဆိုပေမယ့် ရှက်သင့်တဲ့နေရာတော့ ရှက်တတ်ပါသေးတယ်။

ခုခေတ်ကလေး၊ လူငယ် လူရွယ်တွေအနေနဲ့ အရှက်အကြောက် သိပ်မရှိတော့ဘူးလို့ ကျွန်မ ထင်မိပါတယ်။ ခုခေတ်လူငယ်ကလေးများအနေနဲ့ အရာရာကိုသတ္တိရှိရှိ နဲ့ သူတို့ ကိုယ်တိုင် လုပ်ကိုင်နေထိုင်တာတွေကိုတော့ ပြေစရာမရှိုပေမယ့်၊ အရှက်တရားမရှိပဲ ပြောချင်ရာပြော တတ်ကြတာမျိုး၊ သူတစ်ပါးထိခိုက်နစ်နာအောင် အရှက်မဲ့စွာပြောဆိုတတ်ကြတာမျိုးကိုတော့ စိတ်ပျက်မိပါတယ်။ ခုခေတ်ဟစ်ဟော့သီချင်းများထဲမှာ မဆိုသင့်တဲ့ မိန်းခလေးများအရှက်ရ စေတဲ့ စကားမျိုးကိုထည့်ဆိုထားတာတွေရှိသလို၊ မိန်းခလေးများကလည်း ပြန်လည်အော်ဟစ် နေကြတဲ့ သီချင်းမျိုးတွေကြားမိနေလို့ ပါပဲ။ ဒါလည်းရှက်သင့်တယ်ဆိုပေမယ့် ကျွန်မဆိုလိုချင် တာကတော့ အဲလို မရှက်ခြင်းမျိုးမဟုတ်သေးပါဘူး။

မရှက်ခြင်းမှာ ၃မျိုးရှိတယ်လို့ ဆိုပါတယ်။ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်ပါ။ အဲဒီ ရှက်ခြင်း ၃မျိုးကိုတော့ လူတွေရဲ့ လက်လွတ်စပယ်ပြုမူခြင်းမှာပေါ်လွင်စေပါတယ်။ ဒါပေမယ့် ဒီလိုမရှက်ခြင်းထက် မရှက်သင့်တာကိုရှက်ခြင်း တစ်မျိုးရှိပါသေးတယ်။ ကျွန်မ ပြောချင်တာ က ဘာသာရေးနဲ့ ပတ်သတ်တဲ့ အရှက်တရားဖြစ်စေတတ်တာမျိုးပါ။ ကျွန်မတို့ ကိုးကွယ်တဲ့ ဘာသာက ဗုဒ္ဓဘာသာဖြစ်သည့်အလျှောက် ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို အလေး အမြတ် ထားလေ့ရှိကြပါတယ်။ အလေးအမြတ်ထားသည့်အတိုင်းလည်း ဘုရား၊ စေတီ၊ ပုထိုး များနဲ့ သံဃာတော်တွေကိုမြင်တွေ့ ယုံမျှ ကြည်ညိုသဒ္ဓါစိတ်ဖြစ်ကာ လက်အုပ်ချီ မိုးလေ့ရှိကြ ပါတယ်။ ကျွန်မငယ်ငယ်က သူငယ်ချင်းတစ်ယောက်ဆိုရင် ထုံးဖြူဖြူဆေးသုတ်ထားတဲ့စေတီ၊ ပုထိုး ကစပြီး မြင်မြင်သမျှ ဗုဒ္ဓရုပ်ပွားတော်တိုင်းကို လက်အုပ်ချီကန်တော့ လေ့ရှိပါတယ်။ ဒါကြောင့် သူ့ ကိုဆိုရင် ၀ါဝါမြင်တိုင်းရွှေမထင်နဲ့ လို့ တောင် ကျွန်မတို့  နောက်ပြောင်ခဲ့ဖူးပါ တယ်။ (တကယ်တော့ ဒါဟာလည်းကျွန်မတို့ မှားယွင်းစွာနောက်ပြောင်ခဲ့ခြင်းပါ။) ကျွန်မကိုယ်တိုင်လည်း အဖွားနဲ့ နေရတာမို့  ငယ်စဉ်ကတည်းက ဈေးသို့ လမ်းလျှောက်သွား တိုင်း ရွှေတိဂုံဘုရားကိုမြင်ရင်ပဲ ဈေးခြင်းတောင်းချကာ အဖွားနဲ့ အတူ လမ်းမပေါ်ရပ်လျှက် လက်အုပ်ချီမိုးကာ၊ ကန်တော့ခဲ့ရပါတယ်။ ဖြတ်သန်းသွားတဲ့ကားတွေက လှမ်းကြည့်သွား ပေမယ့်လည်း ဒါဟာရှက်စရာအကြောင်းမှမဟုတ်တာပဲ။

ဘာသာရေးနဲ့ ပတ်သတ်လို့ ဆိုရင် ဘယ်အရာမဆို ရှက်စရာမဟုတ်ပါဘူးလို့ ကျွန်မထင်ပါ တယ်။ ဘာသာတရားကိုကိုင်းရှိုင်းတာဟာ ဂုဏ်ယူစရာတောင်ဖြစ်ပါသေးတယ်။ အဖြစ်
အပျက်ကလေးတစ်ခုကိုကြားသိလိုက်လို့ပါ။ နေ့ တစ်နေ့ ရဲ့ မနက်ခင်းစောစော အင်းယားကန် ဘောင်ပေါ်မှာ လမ်းလျှောက်သူများအနက် သားအမိနှစ်ယောက်က သံဃာတော်တစ်ပါးအနီး ကဖြတ်သွားတာကိုဖူးတွေ့ လိုက်ခြင်းဖြစ်ပါတယ်။ သံဃာတော်ကိုတွေ့ တော့ မိခင်ဖြစ်သူက သာ လက်အုပ်ချီကန်တော့ပေမယ့်၊ သားဖြစ်သူဆယ်ကျော်သက်အရွယ်မှာ ရှက်ကိုးရှက်ကန်း ဖြစ်ကာ ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေတာကြောင့် အမေကသားကို ဆူပူကြိမ်းမောင်းနေ တဲ့ ကိစ္စရပ်ပါ။ တကယ်တော့ ဒါဟာလူငယ်တစ်ယောက်အဖို့ ရှက်ရမယ့်ကိစ္စမဟုတ်ပါဘူး။

ဘာသာရေးနဲ့ ပတ်သတ်လို့ ရှက်စရာလို့ ယူဆကြမယ်ဆိုရင် မှားယွင်းနေမှာပါပဲ။ ဆယ်ကျော် သက် ကလေးလူငယ်တော်တော်များများဟာ ဘုရားတွေ့ ရင်လည်း လက်အုပ်ချီကာ ကန် တော့ခြင်း နည်းပါးကုန်ကြပါပြီ။ သံဃာမြင်လည်း အထွေအထူးလက်အုပ်ချီကာကန်တော့ခြင်း မတွေ့ ရတော့ပါဘူး။ သံဃာတော်များကို ပခုံးချင်းတိုက်မသွားတာပဲ တော်လှပြီပြောရမယ် ထင်ပါတယ်။ ဘုရား၊ ကျောင်းကန် သွားမှသာ သံဃာတော်များကိုဦးချကန်တော့လေ့ရှိပါတော့ တယ်။

မိဘတွေအနေနဲ့ ခုနကပြောခဲ့တဲ့ မိဘလို ကိုယ့်သားသမီးကိုကိုယ် ပြောဆိုဆုံးမသင့်သလို၊ သား သမီးတွေ လူငယ်တွေကလည်း ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးဖြစ်သည့်အလျှောက် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ဦးထိပ်ထားသင့်ပါတယ်။ ဘာသာတရားကို အလေးထားတဲ့ အပြုအမူဟာ ရှက်စရာမဟုတ်ပါဘူးဆိုတာကိုလည်း သတိပြုရပါမယ်။

အရှက်တရားဆိုတာကတော့ လူတိုင်းမှာရှိသင့်တယ်ဆိုပေမယ့်၊ သူ့ နေရာနဲ့ သူ သာရှိရပါမယ်၊ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက်ဆိုတာမှာတောင် အချို့ လူတွေမရှက်တတ်ကြရင်၊ ဘာသာ တရားကိုးကွယ်တဲ့နေရာမှာ ပိုပြီးရှက်နေစရာမလိုဘူးလို့ ကျွန်မထင်ပါတယ်။ ရှက်သင့်တဲ့ တရားအနေနဲ့ ကတော့ မဟုတ်တာလုပ်တာနဲ့ ဘုရားမကြိုက်တဲ့ အလုပ်များလုပ်နေတာမျိုးလို့  ပဲ ကျွန်မကတော့ဆိုချင်ပါတယ်။ ဒါကြောင့် ရှက်ခြင်းနဲ့ မရှက်ခြင်းကို ခွဲခွဲခြားခြားနားလည်စေ လိုပါတယ်။

အနမ်း

အပြစ်ရှာသူများ သတိထား

10 ယောက်ဆွေးနွေးချက်
မနှစ်လို အပြစ်ဆိုတာ (တစ်) ကိုယ်က မကောင်းတာ
နှစ်လိုသမျှ အကြောင်းရှာသော်
တစ်ချောင်းသာလက်ညှိုး
ရှေးတစ်စောင်း ဘေးဟောင်းပမာ
လေးချောင်းသာ ကိုယ့်ကိုယ်ကိုပြန်ထိုး
ကိုယ့်မျက်ချေး ကိုယ်မမြင်တယ်
ဆိုအစဉ်လက်ရိုး
မလိုအင်ဖျက်ချိုးတော့
ပျက်အကျိုးကိုယ်အရင်
ဖွဲပြာကိုနွှဲကာပစ်ရင်ဖြင့်
ဝဲယာအသင့် ကိုယ့်မျက်စေ့ကိုယ်ပြန်ဝင်
ဉာဏ်က၀ိအမှန်သိမြင်လျှင်
ပဏ္ဍိရှင် ပညာရှိသူတို့ 
ထင်စွာသတိထားရှိစေငှာ အများသိကြေငြာ
ရှောင်သဘောနှင့် ဗြောင်ပြောပါသည်
နောင်သောအခါ စောင့်စည်းဖို့ လေး။

(စတုတ္ထကြောင်ပန်းဆရာတော်)
မေတ္တာရှင်ဆရာတော်၏ ဘ၀နှင့်ရင်းရသောအတွေးအမြင်များစာအုပ်မှ ကူးယူရေးသားပါသည်။

ဝမ်းနည်းမိပါကြောင်း

6 ယောက်ဆွေးနွေးချက်
ရွှေလမ်းငွေလမ်းဦးဝင်းကြည်နဲ့ သိခဲ့တာဘာမှမကြာသေးတဲ့ ရက်များကပါ။
ဦးဝင်းကြည်ရဲ့ ဘလော့ကနေဖတ်ရတဲ့ ရွှေဥမင်ဆရာတော်ကြီး၏သြ၀ါဒများကိုလိုချင် တာကြောင့် မေးလ်ပို့ ပြီး လှမ်းတောင်းမိရာက ဦးက invite လုပ်လာပါတယ်။ (အောင်ဦးဘလော့မှာတင်ပြီးသားပေမယ့် အဲဒီတုန်းက မဖတ်လိုက်ရလို့ ပါ)

ဦးနဲ့ chatting လုပ်မိတာက ခုအကြိမ်နဲ့ မှ ၂ကြိမ်ပါ။ ပထမတစ်ကြိမ်ကလည်း ကျေးဇူးတင် စကားပြောရင်း ကျွန်မကလှမ်းနုတ်ဆက်လိုက်ပါတယ်။ အထွေအထူးတော့ ဘာကိုမှမပြော ဖြစ်ပါဘူး။ လူတစ်ယောက်ကို ချက်တင်လုပ်ရမှာ တစ်ဖက်လူမအားမှာကို အားနာတတ်တာ ကြောင့်လည်းဖြစ်ပါတယ်။ (သူတို့ ရဲ့ အကျိုးရှိတဲ့အချိန်တွေကို ကျွန်မအတွက် အကျိုးမယုတ် စေလိုတာပါ။)

ဦးဝင်းကြည်နဲ့ ပထမတစ်ကြိမ် ကျေးဇူးတင်နုတ်ဆက်ပြီး၊ ကျွန်မလည်းလိုင်းထဲမရောက် ဖြစ်ပါဘူး။ ဒီနေ့ တော့ ဦးကို နောက်တစ်ခါထပ်တွေ့ တာမို့  နုတ်ဆက်မိပါသေးတယ်။ သာကြောင်းမာကြောင်းမေးရင်း၊ ဘလော့မ၀င်ဖြစ်တဲ့ အကြောင်းလေးပါပြောရင်းပါ။
အဲဒီမှာပဲ ဦးက မနေ့ ကပဲ သူ့ ညီဆုံးသွားလို့ ပါတဲ့။ ကျွန်မလည်း ရုတ်တရက်ဘယ်လိုဖြစ်မှန်း မသိအောင် အံ့သြမိပြီး အနည်းငယ်မေးမြန်းမိပါတယ်။ စိတ်မကောင်းလည်းဖြစ်သွားရတယ်။

သိတာမကြာသေးပေမယ့်လည်း ဘလော့ဂါတွေကို ကိုယ့်မောင်နှမသားချင်းတွေလိုပဲ သဘော ထားမိတာကြောင့် လားတော့မပြောတတ်ပါဘူး။ ၀မ်းနည်းမိပါတယ်။
ကိုယ်လည်းတစ်နေ့ တော့ ဒီလမ်းသွားရမယ်ဆိုတာသိပေမယ့်လည်း.......
ဝမ်းနည်းကြောင်းလေးတော့ ဘလော့ကနေရေးချင်လာတာနဲ့ ခုလို ပိုစ့်ရေးဖြစ်သွားပါတယ်။

ဦးရေ..ဦးရဲ့ ညီလေး ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

အနမ်း

start A (tag post)

14 ယောက်ဆွေးနွေးချက်
1. What is your name : A nam
2. A as four Letter Word : Aura
3. boy's Name with A : Andy
4. girl's Name with A : Alice
5. Occupation starts with A : astrology
6. Flower starts with A: anthurium
7. Something you'll wear starts with A: adidas clothes
8. Food starts with A: assorted cake ( I don’t think anything)
9. Something found in the bathroom starts with A: acne cream
10. Country starts with A : Australia
11. Color starts with A: alabaster
12. Exclamation starts with a A: Ah ha!း))
13. Movie title starts with A: Across the Universe (2007)
14. Something you drink starts with A: Apple juice :P ( so eassyyyyyy)
15. A musical group starts with A: Aurora ( right ?)
16. An animal starts with A: apeး))
17. A street name starts with A: Abbey Street ( London)
19. The title of a song starts with A: A song for u (Celine Dion)
18. A type of car starts with A: acura
20. A verb starts with A: accept

21. Ocean's name starting with A: Atlantic Ocean
22. Mountain's name starting with A: Apennie (Italy)
23. The name of leader of a country starting with A: A.S.S.K

ဒီပိုစ့်ကို ကိုယ်သိသလောက်ရေး၊ မသိတာကို ဟိုလူ့ မေး၊ ဒီလူ့ မေးရနဲ့ ခေါင်းတော်တော် နောက်သွားတယ်။ ရေးပြီးမှ google search မှာကြည့်ပါလားတဲ့ ။ ဖွားကိတို့ လုပ်ပုံ အဲသလို။ အချက်၂၀ပဲရေးလိုက်တယ်၊ အပိုဆုမပေးတော့ဘူး။ နောက်ဆုံး accept နဲ့ အဆုံးသတ်ထား တယ် ၊ ဒီလောက်နဲ့ ကျေနပ်။ မကျေနပ်ရင် စီဗုံး လာအော်လိုက်တော့။ စာလုံးပေါင်းမှားရင်လည်းပြင်ဖတ်ပေးနော်း))
အပိုဆုမပါပါဘူးဆိုမှ ကိုကိုမောင်ကထပ်ဖြည့်ခိုင်းသေးတယ်။ ဒါနဲ့ သူ့ အမေး ၃ခုကိုထပ်ဖြည့်စွက်ရသေးတယ်။ နံပါတ်၂၃ကိုတော့ နီးစပ်ရာဖြည့်လိုက်ဆိုလို့  သူဖြည့်ချင်တာလေးကိုဖြည့်ထားပေးပါတယ်။း))

နားကန်းသူ

16 ယောက်ဆွေးနွေးချက်
လေမှာလွင့်ပျောက်
အကောင်အထည်မရှိ
ဖမ်းဆုတ်မရနိုင်
မမြင်သောအရာ
ပါးစပ်ကပြောတဲ့
ထိုထို စကားများ
နားဝင်ချိုအောင်
မပြောတတ်သူတို့ အတွက်
ငါ့ရဲ့ နားဟာ. အကန်းပါ.....လို့ ။ ။

သီတင်းကျွတ်ရာသီ

11 ယောက်ဆွေးနွေးချက်



candles Pictures, Images and Photos ဗုဒ္ဓမြတ်စွာဘုရားအား ဆီမီးအလင်းရောင်များဖြင့် ပူဇော်ကြသော ချစ်စရာညီမလေးများ
ရဲ့ အပြုမူလေးပါ။ အိမ်နီးချင်းဖြစ်တဲ့ အဲဒီကလေးငယ်နှစ်ဦးက သိတတ်စအရွယ်ကတည်းက နှစ်တိုင်း သူတို့ ရဲ့ လမ်းကလေးကနေ ဆီမီးဖယောင်းတိုင်များ ထွန်းညှိကာ မြတ်စွာဘုရား ကြွလာတာကို ကြိုဆိုကြပါသတဲ့။
လိမ္မာရေးခြားရှိတဲ့ကလေးငယ် နှစ်ဦးဟာ ကျွန်မရဲ့ အိမ်နီးချင်းဖြစ်သလို ကျွန်မချစ်တဲ့ ကလေး နှစ်ဦးလို့ ပြောလို့ ရပါတယ်။ ဒါကြောင့် သူတို့ ပုံကလေးတွေကို အမှတ်တရရှိနေအောင် ပိုစ့် တင်ထားလိုက်ခြင်းပါ။






ဗုဒ္ဓမြတ်စွာဘုရားရှင်ကို အလင်းဖြင့်ပူဇော်နေကြသော ညီအစ်မနှစ်ဦး





လမ်းတစ်လျှောက်ကို ဆီမီးဖယောင်းတိုင်များ ထွန်းညှိနေကြပုံ



ညီအစ်မ ၂ဦးရဲ့ ဆီမီးအလှူ


ဆီမီးထွန်းညှိထားသောလမ်းကလေး

ကွန်နက်ရှင်အားမကောင်းလို့ ပိုစ့်တင်ရက် တစ်ရက်နောက်ကျသွားပါတယ်။
သီတင်းကျွတ်ရာသီ မှာ အားလုံးသောသတ္တ၀ါအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေ။
(မ) အနမ်း







သီတင်းကျွတ်အနှစ်သာရ

9 ယောက်ဆွေးနွေးချက်
little light Pictures, Images and Photos

သီတင်းကျွတ်ဆိုတဲ့အချိန်ကာလကိုရောက်လာတိုင်းရောက်လာတိုင်း၊ ငယ်ငယ်က ကျွန်မ
တို့ မိသားစု တွေရဲ့သီတင်းကျွတ်နေ့ လေးကိုပြန်ပြောင်းအောက်မေ့မိတာတော့အမှန်ပါပဲ။ သီတင်းကျွတ်အစဉ်အလာအရ အမေ့ရဲ့အဖေနဲ့ အမေဖြစ်တဲ့ ဖိုးဖိုးနဲ့ ဖွားဖွားတို့ ကိုသူတို့ ရဲ့ သားသမီးများက လာရောက်ကန်တော့ကြတာမို့  ဖိုးဖိုး ဖွားဖွားတို့  နဲ့  အတူနေရတဲ့ ကျွန်မ တို့ အိမ်ဂေဟာမှာ မိသားစုအသီးသီးစုစည်းမိကြပါတယ်။ တစ်နှစ်တစ်ခါ ဆိုသလို သားသမီးမြေးမြစ်များတစ်ယောက်မကျန်ဆုံတွေ့ ကြရတာမို့ ပျော်စရာလည်းကောင်းပါတယ်။

အမေတို့ ကမောင်နှမလေးယောက်ရှိတာကြောင့်၊ ဖိုးဖိုးနဲ့ဖွားဖွား တို့  ကိုအားလုံး က ကန်တော့ပြီးတဲ့အခါ မှာတော့၊အကြီးဆုံးဖြစ်တဲ့ ဘဘကြီးတို့လင်မယား က ကန်တော့ခံပုဂ္ဂိုလ်အဖြစ် ကုလားထိုင်ရှည်ပေါ်မှာဝင်ထိုင်ပြီး အကန်တော့ခံရပါတယ်။ ဒီလိုနဲ့  အလှည့်ကျ ဒုတိယအကြီးဖြစ်တဲ့ကြီးကြီးတို့ လင်မယား၊ မေမေတို့ လင်မယားနဲ့  ဒေါ်လေးတို့  လင်မယားဆိုပြီး ကျန်တဲ့သားသမီး၊ တူ တူမ အသက်ငယ်သူတွေ ကအစဉ်အလိုက်ဝိုင်းပြီး ကန် တော့ကြပါတယ်။

အဲသည်လိုကန်တော့ခြင်းဖြင့် ဖိုးဖိုးဖွားဖွားတို့  ဆီမှ မုန့်  ဖိုးရခဲ့သလို၊ ဘဘကြီးတို့ကြီးကြီးတို့  အားလုံး ကလည်း မုန့် ဖိုး အသီးသီးပေးကြပါတယ်။ မုန့် ဖိုးရပြီးတဲ့အခါမှာတော့ ကျွန်မတို့  ကလေးတွေက သူတို့  လူကြီးတွေကို အနမ်းလက်ဆောင်ပြန်ပေးရပါတယ်။ လူကြီးတွေက ကျွန်မတို့ ရဲ့အနမ်းတွေကို ကျေနပ်ပြီးပျော်နေကြ သလို ကျွန်မတို့ ကလေးတွေကလည်း မုန့် ဖိုး ရလို့ ပျော်ခဲ့ကြရပါတယ်။ အားလုံးကိုအလှည့်ကျကန်တော့ပြီးတဲ့ အခါမှာတော့ ကန်တော့လို့ ရ တဲ့ မုန့် ဖိုးတွေကို ရေတွက်ရင်း၊ ကျွန်မတို့ မောင်နှမအချင်းချင်း ဘယ်လောက်ရ သလဲလို့  အပြန်အလှန်မေးကြရတာလည်းပျော်စရာတစ်မျိုးပါပဲ။

အဖိတ်နေ့၊သီတင်းကျွတ်လပြည့်နေ့ နဲ့ လပြည့်ကျော်၁ရက်နေ့ များမှာတော့ ဖွားဖွားက အတူနေတဲ့ ကျွန်မတို့ ညီအစ်မသုံးယောက်ကိုခေါ်ကာ၊ မြတ်စွာဘုရားအားဆီမီးများ ပူဇော်စေပြီးကန်တော့ခိုင်းပါတယ်။ အဲဒီအခါ မြတ်စွာဘုရားကို သီတင်းကျွတ်ဆီမီးများ ပူဇော်ရခြင်းအကြောင်းကိုလည်း ရှင်းပြခဲ့ပါသေးတယ်။ ဒါကြောင့် ကျွန်မတို့  ညီအစ်မတစ်တွေဟာ ငယ်ငယ်လေးကတည်းကမြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှာ မယ်တော်ဖြစ်ခဲ့သော နတ်သားအားတရားဟောကြားပြီးနောက် လူ့ ပြည်သို့ ပြန်လည်ဆင်းသက်လာခြင်း ကြောင့်၊ ကျွန်မတို့ တစ်တွေက မီးရောင်များ ထွန်းညှိကာ ကြိုဆိုပူဇော်ကြခြင်းဖြစ်သည်ကိုလည်း သိခွင့်ရခဲ့ပါတယ်။

ငယ်စဉ်ကတော့ သီတင်းကျွတ်ဆိုရင် မုန့် ဖိုးရတာနဲ့ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်က ကြီးဒေါ်က သူ့ မွေးနေ့ မို့ အားလုံးကို ကြေးအိုးတိုက်ရင်း၊ မီးထွန်းပွဲကြည့်ရတာကိုပဲ ပျော်စရာအဖြစ်သတ်မှတ်ခဲ့ဖူးတာပါ။ နောက်တစ်နေ့ မှာတော့ ဖွားဖွားရဲ့ အမဖြစ်သူ ကြီးကြီးဖွားဖွားရဲ့ အိမ်ကိုလည်း ကျွန်မတို့ ဆွေမျိုးအားလုံးအတူ သွားရောက်ကန်တော့ဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးတွေ စုစုစည်းစည်းနဲ့ ကြီးကြီး ဖွားဖွားနေထိုင်ရာ ကြည့်မြင်တိုင် က အိမ်ကလေးမှာ ထပ်မံဆုံဖြစ်ကြတယ်။

နောက်ပိုင်းမှာတော့ ကျွန်မတို့ ရဲ့အစဉ်အလာဟာလည်းတဖြေးဖြေးနဲ့ သိသိသာသာကွယ်ပျောက်သွားခဲ့ရပါတယ်။ တစ်နှစ်နဲ့ တစ်နှစ် အချိန်ကာလ ပြောင်းလဲသွားခဲ့သလို ဖိုးဖိုးသေဆုံးသွားခြင်းက ပထမဆုံးကန်တော့ခံပုဂ္ဂိုလ် တစ်ဦးလျော့သွားခြင်းပါပဲ။ အဲဒီနောက် ကျွန်မရဲ့အဖေက မမျှော်လင့်ပဲခွဲခွာသွားပြန်ကာ၊ နောက်တစ်နှစ်မှာပဲ အစ်ကိုတစ်ယောက်ကလည်း ရုတ်တရက်ဆုံးရှုံးသွားခဲ့ပြီး၊ လူဦးရေတွေ တဖြေးဖြေးလျော့နည်းသွားးခဲ့ပါတော့တယ်။

ဒီလိုနဲ့ ပဲ အစ်ကိုအစ်မများကလည်းအိမ်ထောင်တွေကျကာ၊ ရပ်ဝေးသို့ ရောက်ရှိ ကုန်တာကြောင့် ကျွန်မတို့ ရဲ့ သီတင်းကျွတ်အစဉ်အလာဟာလည်း ပျောက်ဆုံးမှန်းမသိ ပျောက်ဆုံးလို့ သွားခဲ့ရပါတော့တယ်။ အခုဆိုရင် တော့သီတင်းကျွတ်တိုင်း အသက်ရှင်လျှက်ရှိနေသေးတဲ့ ဖွားဖွားတစ်ယောက်ကိုသာလာရောက်ကန်တော့ကြပြီး၊ ရေမြေခြားဖြစ်နေသူတွေကတော့ မလာနိုင်တော့တဲ့အထိ ဝေးကွာသွားခဲ့ကြရပါပြီ။

ဗုဒ္ဓဘာသာဝင်တို့ ရဲ့သီတင်းကျွတ်ဆိုတဲ့ အချိန်ကာလမှာမြတ်စွာဘုရားကိုကြိုဆိုရင်း၊ အသက်ကြီးသူ မိဘ၊ ဆရာသမားများကိုကန်တော့ခြင်း အစဉ်အလာဟာ ထူးခြားတဲ့ ထုံးတမ်းစဉ်လာလေးပါပဲ။ သီတင်းကျွတ် လ လို့ ခေါ်ဆိုရတဲ့အကြောင်းကတော့ ဝါဆို လပြည့်နေ့  မှစပြီး ၀ါတွင်းသုံးလ၊ ရက်ပေါင်း ကိုးဆယ်၊ သီတင်း ကျွတ်လပြည့်ကျော် တစ်ရက်နေ့  သီတင်းကျွတ်သောကြောင့် သီတင်းကျွတ်လဟူ၍ သာသနာကျမ်း အလိုခေါ် ဆိုကြောင်းသိသာသည်ဟုဆိုထားပါတယ်။

သီတင်းကျွတ်လတွင်မြတ်စွာဘုရားသခင် နတ်ပြည်မှဆင်းသက်ခဲ့ဘူးသည်ကို အကြောင်းပြုကာ၊ မီးစောင်းတန်း၊ မီးမြင့်မိုများထွန်းညှိကာ၊ မီးပွဲ သဘင်ကိုဆင်ယင်ကျင်းပကြရိုးပါ။ မြန်မာမင်းများခေတ်လက်ထက် အခါကမူ သီတင်းကျွတ်လတွင် မင်းသား၊ မင်းမြေး၊ မှူးတော်၊ မတ်တော်တို့  ၏ အဆင်တန်ဆာများကို လဲလှယ်ပေးခြင်း၊ လက်ဆောင်တော်များကို ကြည့်ရှုစေခြင်း၊ ဆီမီးမြင့်မိုထွန်းခြင်း၊ ဘုရား စေတီများတွင်ဆီမီးပူဇော်ခြင်း၊ ၀ါကျွတ်ကန်တော့ခံခြင်းတို့ လုပ်ခဲ့သည်ကိုသိခဲ့ရပါတယ်။ ထိုအစဉ်အလာက ယနေ့ ထက်တိုင် ပြုလုပ်နေကြခြင်း သာဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့ ဟာ၊ ဗုဒ္ဓအယူဝါဒီတို့ အတွက်နေ့ ထူးနေ့ မြတ်ကြီးတစ်နေ့  အဖြစ်ထင်ရှားစေ ခဲ့ပါတယ်။ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်
သို့ ကြွမြန်း ဆင်းသက်တော်မူလာတဲ့ နေ့ အဖြစ်အသိအမှတ်ပြုကြပြီး၊ မီးများထွန်းညှိကာပူဇော်ကြခြင်းပါပဲ။ မြတ်စွာဘုရားသခင်သည် တာဝတိံသာ နတ်ပြည်၌ မယ်တော်ဖြစ်ဖူးသော သန္တုဿီတနတ်သားကိုအကြောင်းပြု၍ `ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ`အစရှိသည်ဖြင့် အဘိဓမ္မာခုနှစ်ကျမ်းကို ဟောတော်မူပြီးနောက် ၊ သီတင်းကျွတ်လပြည့်နေ့  တွင် တာဝတိံသာ၌ ပ၀ါရဏာပြု၍ လူ့  ပြည်သို့  ဆင်းသက်တော်မူသည်ကိုအကြောင်းပြုလျှက် ထိုနေ့  ကို အဘိဓမ္မာနေ့ ဟု သမုတ်ကာ၊ အဘိဓမ္မာပူဇော်ပွဲကျင်းပကျခြင်းပင်ဖြစ်ပါတော့တယ်။

` သီတင်းကျွတ်လပြည့်နေ့ က၀ါတွင်းသုံးလရဲ့ နောက်ဆုံးနေ့ ဖြစ်တာကြောင့်၊ ၀ါဆိုတော် မူကြကုန်သော သံဃာတော့်မြတ်တို့  လွတ်လွတ်ကျွတ်ကျွတ် သွားလာ သီတင်းသုံးနိုင်တဲ့ အခွင့်အရေးကိုရလာခဲ့ပါတယ်။ ထိုနေ့  အထိ ၀ါဆိုကြသည့် သံဃာများသည်လည်း အလွန်မြတ်သော ကထိန်အလှူကိုခံယူထိုက်ကြောင်း ကိုလည်း မှတ်သားသိရှိနိုင်ပါတယ်။
ထို့ ကြောင့် သီတင်းကျွတ်နေ့  သည် ရဟန်းတော်များဝါမှထသောနေ့  ၊ မြတ်စွာဘုရားရှင်
တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ၀ါတွင်းသုံးလပတ်လုံး ဟောကြားတော်မူပြီး အောင်မြင်စွာပြီးဆုံး သောနေ့ ၊ (အဘိဓမ္မာအခါတော် နေ့  ) ၊ နတ်ဗြဟ္မာ အပေါင်းခြံရံလျှက်
တာဝတိ့  သာ နတ်ပြည်မှ သင်္ကဿနဂိုရ် ပြည်သို့  ဆင်းသက်လာသောနေ့ ၊ ဗြဟ္မာ၊ နတ်၊ လူ သုံးဘုံသူတို့  မြတ်စွာဘုရားအား အတူတကွကြည်ဖြူကော်ရော်ပူဇော်သောနေ့  ၊ လောက၀ိဝရဏတန်ခိုးတော်ကြောင့် စကြာင်္ဝဠာတစ်ဝှမ်းလုံးကိုမြင်ရသောနေ့ စတဲ့ အထူးထူးတို့ နဲ့ ပြည့်စုံသောနေ့ အဖြစ် ထင်ရှားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

သီတင်းကျွတ်သို့ ရောက်တိုင်းရောက်တိုင်းး ၊ သီတင်းကျွတ်အမှတ်တရလေးများရှိနိုင်ကြသလို၊ သီတင်း ကျွတ်ဆီမီးများထွန်းညှိပူဇော်ကြရခြင်း အကြောင်းလေးကိုသိထားပြီး၊ ကျွန်မတို့  ရဲ့  ဗုဒ္ဓမြတ်စွာဘုရား ကိုရှိခိုး ပူဇော်ကြမယ်ဆိုရင်ဖြင့်၊ သီတင်းကျွတ်မီးရောင်များနဲ့ အတူ သီတင်းကျွတ်ဆိုတဲံ့ အနှစ်သာရလေး ပိုပြီးပေါ်လွင် သွားမယ်ထင်ပါရဲ့။

ကျမ်းကိုး-မြန်မာ့စွယ်စုံကျမ်းအတွဲ(၁၃)
အနမ်း