ငါလိုချင်တာ၊ ငါ့တဏှာကို
ငါသာမွေးဖွားပေးလိုက်၏
ငါစားချင်တာ၊ ငါ့တဏှာကို
ငါသာရှာဖွေပေးလိုက်၏
ငါဝတ်ချင်တာ၊ ငါ့တဏှာကို
ငါသာဝယ်ယူပေးလိုက်၏
အော်..ငါ၏ခြေရာ၊ ငါ့တဏှာကို
ငါသာလိုလား၊ ငါလိုက်စား၍
အမှားတွေစုံ၊ တောင်လိုပုံလျှက်
ဝဋ်ဘုံသံသရာ၊ မျှောနေပါပြီ
ငါသာငါလျှင်၊ မကယ်တင်ပဲ
ငါပင်ငါနှစ်၊ ရေစုန်နစ်သည်
မချစ်မုန်းသူ ငါတကား။
ဘုတလင်-အရှင်ညဏိန္ဒ
ဖတ်မိတာလေးမျှဝေပေးခြင်းပါ။ (၁၃၄၄ခုနှစ်က ဓမ္မဗျူဟာစာစောင် အတွဲ၂၁၊ အမှတ်၎) မှ ဖြစ်ပါတယ်။
ပြောင်းဖူးကြိုက်တဲ့ကျွန်မ
ဘာရယ်မဟုတ်ဖူး။ ဒီကာတွန်းလေးတွေ့ တာနဲ့  ပြောင်းဖူးကြိုက်တဲ့ ကျွန်မ ဒီပိုစ့်ပုံလေးကို တင်လိုက်တာပါ။ ပြောင်းဖူးပေါက်ပေါက်လည်းကြိုက်တာပဲး)
ကျောက်တန်းစီညီပါပေ့၊ ဆံမြိတ်ချလှပါပေ့ ဆိုတဲ့ ငယ်ငယ်တုန်းက ပြောင်းဖူး စကားထာဝှက် တာလေးကိုလည်း သတိရမိတယ်။

လက်နာလို့ စာမရေးနိုင်တာကြောင့် ဂလိုပဲ ဆားချက်ရပါ၏ ။ သည်းခံတော်မူကြပါကုန်။း)
အားလုံးကိုခင်မင်လျှက်....
(မ) အနမ်း

ရူးမိုက်မိသောငါ
အနမ်းတွေကို စာဖွဲ့ ထားတယ်

ဒီဘလော့ဂ်လေးရဲ့နာမည်နဲ့ လိုက်ဖက်အောင် အနမ်းတွေရဲ့အကြောင်း တစေ့တစောင်းကို စုဆောင်းတင်ဆက် လိုက်ပါတယ် ။ မထင်မရှားနဲ့ ပြောစရာရှားတဲ့ အကြောင်းတွေကို “စာမဖွဲ့လောက်ပါဘူး” လို့ သုံးတတ်ကြ တယ်မဟုတ်ပါလား ၊ အနမ်းတွေရဲ့ အကြောင်းကတော့ စုဆောင်းရင် စုဆောင်းသလောက် စာတစ်စောင်သာမက ကျမ်းတစ်စောင်တောင် ဖွဲ့နိုင်ကောင်းတယ် ။
သူတို့ အကြောင်းကို သိပ္ပံနည်းကျလေ့လာတဲ့ Philematology ဆိုတဲ့ ဘာသာရပ်တောင် ရှိပါသေးလား ၊ အနမ်းလေးတွေရဲ့ တန်ဘိုးကလည်း မြင့်ပါဘိ ၊ အနမ်းလေးတွေရဲ့ အဓိပ္ပါယ်ကလည်း ကျယ်ဝန်းပါဘိတော့ ၊
A kiss is worth a thousand words တဲ့ ဆိုစကား ရှိပါတယ် ၊ အနမ်းတစ်ခုဟာ စကားလုံးပေါင်း တစ်ထောင် အဖိုးထိုက်တန်သတဲ့လေ ၊ ဒါဆိုရင် အနမ်းတွေ အကြောင်းကို စာတစ်တန် ပေတစ်ဖွဲ့နဲ့ ကြီးကြီးကျယ်ကျယ်တွေ ပြောဖို့ လုံလောက်ပြီ ထင်ပါရဲ့ ။

လူတိုင်းလူတိုင်းနီးပါးဟာ အနမ်းတွေကို နှစ်သက်စွာခံယူခဲ့ကြဖူးပါလိမ့်မယ် ၊ ငယ်စဉ်ကတည်းက အဖေအမေတွေ ဦးကြီးဦးလေးတွေ ဒေါ်ကြီးဒေါ်လေးတွေက ကျနော်တို့ကို ချစ်ခင်ယုယစွာနဲ့ နမ်းခဲ့ကြတယ် ၊ အသက်အရွယ် ဖွံ့ဖြိုးလာတော့လည်း ရင်ခုန်စရာ အနမ်းတွေနဲ့ စိတ်ကူး ယဉ်ခဲ့ဖူးပါလိမ့်မယ် ၊ နေရာဒေသအလိုက် ၊ အသက်အရွယ်အလိုက် ၊ နမ်းတဲ့ ပုံစံ အနေအထားအလိုက် သင်္ကေတ အမျိုးမျိုးကို ဆောင်နဲ့ အနမ်းများစွာကို ကမ္ဘာတစ်လွှားက လူသားတွေ ပြုလုပ်ခဲ့ ကြတယ် ၊ လူတွေကို မဆိုထားနဲ့ မျောက် ၊ မြင်း ၊ ခွေး နဲ့ ငှက်တွေ စတဲ့ တိရစ္ဆာန်တွေတောင် သူ့နည်းသူ့ဟန်နဲ့ နမ်းကြတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ် ။
လူတွေကတော့ ပိုနမ်းတာပေါ့ ၊ ပိုပြီး ခံစားတတ်တာကိုး ၊ ပျမ်းမျှအားဖြင့် လူတစ်ဟာက်ဟာ ဘ၀မှာ မိနစ်ပေါင်း ၂၀,၁၆၀ နမ်းခဲ့ကြတယ်လို့ ပညာရှင်တွေက တွက်ချက်ထားကြတယ် ၊ အနမ်းတွေနဲ့ချည်းပဲ သီတင်းနှစ်ပတ်စာ ရှိတယ် ။ မနမ်ဖူးသေးဘူးလို့ ပြောတဲ့ သူလဲ ရှိပါလိမ့်မယ် ၊ ဒါပေမယ့် ဒီဂဏန်းဟာ ကမ္ဘာတစ်လွှားက လူတွေနဲ့ ပျမ်းမျှတွက်ထားတာမို့ပါ ။ ဥပမာအားဖြင့် အမေရိကန် အမျိုးသမီးတစ်ယောက်ဟာ လက်မထပ်ခင်မှာ လူဦးရေ (၈၀) လောက်ကို နမ်းပြီးခဲ့ပြီတဲ့၊ social kiss လို့ခေါ်တဲ့ နှုတ်ခွန်းဆက် အနမ်းလေးတွေလဲပါမှာပေါ့ ၊ ၅၀ % သော အသက် ၁၄ နှစ် အောက် ငယ်သူများဟာလည်း နမ်းဖူးနေကြပြီ ၊ သိတယ်မဟုတ်လား သူတို့ဆီကတော့ သိပ်လွပ်လပ်တယ်လေ ၊ ဒါပေမယ့် အဲဒီလွပ်လပ်တဲ့ နိုင်ငံမှာကိုပဲ တချို့နေရာတွေမှာ မနမ်းရ ဆိုပြီး သတိပေး ဆိုင်းဘုတ် ချိတ်ထားတာတွေ ရှိတယ်ဆိုတာ သိရတော့ အံ့သြရပြန်ပါရော ၊ အသွားအလာ ရှုပ်ထွေးတဲ့ နေရာမျိုးတွေမှာ သွားလာနေတဲ့ သူတွေကို အနှောက်အယှက် ဖြစ်မှာ စိုးလို့ပါတဲ့ နောက်ဆုံးတင်ထားတဲ့ အကြာဆုံး အနမ်းစံချိန်ကတော့ ၃၁ နာရီ ၃၀ မိနစ်နဲ့ စက္ကန့် ၃၀ ကြာတဲ့ လန်ဒန်က စုံတွဲ တစ်တွဲ ဖြစ်ပါတယ် ၂၀၀ ၅ ခုနှစ်က တင်ထားတဲ့ စံချိန်ပါ ။

အနမ်းတွေကို လွပ်လွပ်လပ်လပ် ပေးနေကြတဲ့ နိုင်ငံတွေဆိုတော့ သူတို့ဆီကပဲ အဲဒါတွေကို စခဲ့လေမလားလို့ စပ်စုကြည့်မိပြန်တော့ လုံးဝလုံးဝ လွဲသွားရပြန်ပါတယ် ၊ အနမ်းတွေကို လူတွေ ဘယ်တုန်းက စတင်ခဲ့တယ်ဆိုတာ သမိုင်းပညာရှင်တွေ မပြောနိုင်ကြဘူး ၊ စာပေအထောက်အထားအရတော့ BC 1500 လောက်ကတည်းက ရေးထားတဲ့ အန္ဒိယနိုင်ငံက သက္ကတဘာသာ ကျမ်းတစ်စောင်မှာ တွေ့ရတယ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ လောက်ကတည်းက အာရှမှာ တွင်တွင်ကျယ်ကျယ်ကြီး နမ်းနေခဲ့ကြပြီပေါ့ ၊ နောက်တစ်ခါ BC 300 လောက်မှာ ကတည်းက ရှိနေခဲ့တဲ့ သျတ္တရ ကျမ်းမှာ အနမ်း အမျိုးပေါင်း ၃၀ ကျော် ကို မှတ်တမ်းတင်ထားခဲ့တယ်ဆိုပဲ ၊ အဲဒီအထဲမှာ fighting of tongue လို့ အဓိပ္ပါယ်ရတဲ့ အနမ်းတစ်မျိုးတောင် ပါ..ပါသေးလား ၊ ဒါဆို လျှာကလဲ ပါလာပြီလို့ ဆိုရမှာပါ ၊ BC 326 မှာ ဂရိဘုရင် Alexander the Great ဟာ အိန္ဒိယကို တိုက်ခိုက်ပြီးတဲ့အခါမှာ ၊ အိန္ဒိယမှာ ထွန်းကားနေတဲ့ အနမ်းတွေကို ဥရောပကို သယ်ဆောင်သွားခဲ့တယ်လို့ ဆိုကြပါတယ် ။
စပ်စုမိပြီဆိုမှတော့ တော်တော်လေး ပြည့်စုံအောင် စပ်စုမှတော်ကာကျမယ်ထင်ပါရဲ့ ၊ ဒါနဲ့ပဲ အနမ်းတွေ အမျိုးပေါင်းဘယ်လောက် နာမည်တပ်ထားတာ ရှိသလဲ ၊ လူတွေ နမ်းကြတဲ့အခါ ဘယ်လိုပုံရှိသလဲ ၊ ကျန်းမာရေး လူမှုရေး စတာတွေ အတွက်ကော ကောင်းရဲ့လား စတဲ့ အဲလိုအချက်တွေကို စပ်စုမိတဲ့အခါ စိတ်ဝင်စားဖို့ ကောင်း တာကို တွေ့ရပါတယ် ။
ဂျာမန် တက္ကသိုလ်တစ်ခုက အတွဲရာပေါင်းများစွာရဲ့ နမ်းကြပုံတွေကို လေ့လာတဲ့အခါမှာ ၃ ပုံမှာ ၂ ပုံသော အတွဲများဟာ နမ်းနေစဉ်မှာ ခေါင်းကို ညာဖက်စောင်းထားကြပြီး အများစုက မျက်စေ့ကို မှိတ်ထားကြတယ်လို့တွေ့ရပါတယ် ၊ တွေ့ရတဲ့ အချက်တော်တော်များများကတော့ အနမ်းလေးတွေဟာ ဆေးဖက်ဝင်ပါတယ် ၊ နမ်းတဲ့ အခါ စိတ်တင်းကြပ်မှု Tension နဲ့ စိတ်ဖိစီးမှု Stress ကိုလျော့ပါးစေတယ် ၊ ပါးစပ်နဲ့သွား ရဲ့ ကျန်းမာရေးကို ပိုကောင်းစေတယ် ၊ နှလုံးကနေ သွေးကိုပိုပြီး ညှစ်ထုတ်ပေးလို့ နှလုံးနဲ့သွေး ကြောစနစ်ကိုကောင်းမွန်စေတယ်၊ ရင်ခုန်စေတဲ့ အနမ်းဆိုတာအမှန်ပါပဲ ၊ နှလုံးခုန်တာကို မြန်စေတယ် ၊ သွေး ဖိအားကို တစ်မိနစ်မှာ အကြိမ်တစ်ရာ ပိုလာစေတယ် ၊ နမ်းပုံ အမျိုးမျိုးပေါ်လိုက်ပြီး မျက်နှာပေါ်က ကြွက်သားတွေ ၂ ခုကနေ ၃ ၄ ခုလောက်ထိ အလုပ်လုပ်ရတယ် ၊ မျက်နှာပေါ်က ကြွက်သားတွေကို လေ့ကျင့်ခန်းတစ်ခု လုပ်လိုက်သလို ဖြစ်လို့ မျက်နှာမှာ အရေးအကြောင်းတွေကို လျော့စေတယ် ၊ နှစ်ယောက်စလုံးရဲ့ လျှာပေါ်မှာရှိတဲ့ အမျိုးပေါင်း ၂၇၃ မျိုး ရှိပြီး အရေအတွက် သန်းပေါင်းများစွာသော ဘက်တီးရီးယားတွေကို ဖလှယ်ကြတယ် ၊ အဲဒီအထဲက ၉၅ % လောက်ဟာ လူကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတွေဖြစ်လို့ နမ်းဖို့အတွက် ကြောက်စရာ မလိုဘူးနော်။
ဒီထက်ပိုပြီး အသုံးဝင်တာတွေ ရှိသေးတယ် ၊ တစ်ခါနမ်းရင် ၆.၄ ကယ်လိုရီလောက် လောင်ကျွမ်းစေပြီးတော့ တစ်မိနစ်လောက်နမ်းရင် ၂၆ ကယ်လိုရီလောက်ကိုကုန်ဆုံးစေတယ် ၊ အဲဒီပမာဏဟာ ၅မိနစ်လောက် လမ်း လျှောက်ရတဲ့ လေ့ကျင်ခန်းလုပ်တာနဲ့ အတူတူပဲ ၊ ၀တဲ့သူတွေအဖို့တော့ ပိန်ဆေးတစ်မျိုး ရပြီပေါ့ ၊ Matrimonial လို့ခေါ်တဲ့ စစ်တမ်းကောက်သူများရဲ့ လေ့လာချက်တစ်ခုမှာ တွေ့ရတာက မနက်ခင်းတိုင်းမှာ ကိုယ့်ရဲ့ ဇနီးကို နမ်းပြီး အလုပ်သွား တဲ့ သူတွေဟာ ပျမ်းမျှဝင်ငွေပိုကောင်းပြီး အသက်လည်း ၅ နှစ်ပို ရှည်စေတယ်လို့ ဆိုပါတယ် ၊ ကဲ ၀င်ငွေတိုးပြီး အသက်ရှည်ချင်သူတွေကို လက်တို့လိုက်ပါတယ် ၊ ဒီနည်းလေးကို စမ်းသုံးကြည့် ကြ ပါလို့ ။
ဘာဖြစ်လို့ အသက်ကို ပိုရှည်စေသလဲဆိုတော့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေး နှစ်ခုစလုံးကို ရစေတဲ့ အတွက်ပါ ၊ အနမ်းဟာ အထက်မှာ ပြောခဲ့သလိုပဲ စိတ်တင်းကျပ်မှုတွေ ၊ စိတ်ဖိစီးမှုတွေကို လျော့စေတယ် ၊ စိတ်ကို သာယာကျေနပ်မှု ဖြစ်စေတယ် ၊ နှလုံးကို ပိုခုန်စေတဲ့အတွက် သွေးလှည့်ပတ်မှုကို မြန်စေတယ် ၊ အောက်ဆီဂျင်ကို ပိုပြီးရစေတယ် ၊ နမ်းနေတဲ့ အချိန်မှာ နာခေါင်း နှုတ်ခမ်း ၊ မျက်နှာပေါ်က အာရုံကြောတွေကနေ ခံစားရတဲ့ အချက်အလက်တွေကို ဦးနှောက်ဆီကို သတင်းပို့လိုက်တယ် ၊ ယုံချင်ရင်ယုံပါ နှုတ်ခမ်းလေးတွေဟာ လက်ချောင်းလေးတွေထက် ခံစားမှုကို အဆ (၁၀၀) ထိ ပိုပြီး သိနိုင်ပါသတဲ့ ၊ သတင်းပို့ချက် ရလိုက်တဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ်ဆီကို သူနဲ့ ဆက်နွယ်တဲ့ ဟော်မုန်းဓါတ်တွေ ထုတ်ပေးဖို့ အမိန့် ပေးလိုက်ပြန်ပါတယ် ၊ အဲဒါတွေကတော့ Oxytocin, Dopamine , Serotonin နဲ့ Adrenaline တို့ ဖြစ်ပါတယ် ။
Oxytocin က တွယ်တာမှုသံယောဇဉ် ၊ ယုံကြည်ကိုးစားမှု နဲ့ ချစ်ခင်နှစ်သက်မှုတွေကို ဖြစ်စေတယ် ၊ Oxytocin တွေတိုးပွားလာတဲ့အခါ လူရဲ့ ကိုယ်ခံအားစံနစ်ကို ပိုကောင်းစေတယ် ၊ Dopamine ကတော့ သာယာတဲ့ ခံစားမှု အာရုံတွေကိုဖြစ်စေတယ် ၊ စေ့ဆော်မှုတွေကိုဖြစ်စေတယ် ၊ Dopamine လျော့နည်းနေရင် မှတ်ဥာဏ်မကောင်း တာ ၊ အာရုံမစူးစိုက်နိုင်တာ ၊ အပြုအမူတွေ ပရမ်းပတာဖြစ်တာ၊ အလွဲလွဲအချော်ချော်ဖြစ်နေတာ စတဲ့ဆိုးကျိုး တွေကိုရလာနိုင်ပါတယ် ။
Serotonin ကတော့ လူရဲ့ ဇီဝဖြစ်စဉ်တွေကို ပုံမှန်ဖြစ်စေတယ် ၊ သူကျဆင်းနေရင် စိတ်ဓါတ်ကျဆင်းမှုကို ဖြစ်စေတယ် ၊ ပုံမှန်ထက် အနည်းငယ်မြင့်နေမယ်ဆိုရင်တော့ စိတ်တက်ကြွမှုကို ရရှိစေတယ် ၊ Adrenaline ကတော့ နှလုံးခုန်နှုန်းကို အားကောင်းစေပြီးသွေးဖိအားကို မြင့်စေတယ် ၊ လုပ်ဆောင်မှု (performance) ကို မြင့်မားစေတယ် ၊ အချို့သော အားကစားသမားတွေဟာ စွမ်းဆောင်ရည်မြင့်မားစေဖို့အတွက် Adrenaline ဆေး ကို သုံးစွဲကြတယ် ၊ ဒါပေမယ့် ပင်ကိုယ်စွမ်းဆောင်ရည်ကသာ အမှန်ဖြစ်တဲ့အတွက် အဲဒီဆေးကိုသုံးစွဲမှု တားမြစ်ထားပါတယ် ၊ ဒါလောက်ဆို အနမ်းလေးတွေက တော်တော်ခရီးရောက်တယ်ဆိုတာ သိလောက်ပါပြီ ။
အဲဒီလို အစွမ်းထက်တဲ့ အနမ်းတွေကို အမျိုးမျိုးနာမည်ပေး ထားတာလေးတွေကိုလည်း ပြောပြချင်ပါသေးတယ် ၊ ရှေးရောမခေတ်က အနမ်းတွေကို သုံးမျိုးခွဲခဲ့တယ် ။

အဲဒါတွေကတော့
(၁) Osculum တဲ့ ပါးလေးကို နမ်းတာ ၊
(၂) Basium ဆိုတာက နှုတ်ခမ်းလေးတွေကို နမ်းတာ
(၃) Savolium ဆိုတာကတော့ deep kiss တဲ့ ၊ ဘာသာပြန်ဖို့ အခက်အခဲ ရှိတာကြောင့် အင်္ဂလိပ်အတိုင်းပဲ ထည့်ပေးလိုက်ပါတယ် ၊ deep kiss ဆိုတာ ဘယ်လိုများပါလိမ့် သိချင်စရာပဲနော် ၊ အခုခေတ်မှာတော့ အနမ်းတွေက နည်းပေါင်းတော်တော်များလာပါပြီ ၊ ဗဟုသုတ အဖြစ်နဲ့ သိသမျှ အနမ်းတွေကို အောက်မှာ ဖေါ်ပြလိုက်ပါတယ် ၊ ထူးခြားတယ်လို့ ထင်တဲ့ အနမ်းလေးများကိုပဲ အဓိပ္ပါယ်ဖွင့်ပေးလိုက်ပါတယ် ။
(၁) Butterfly kiss နှာခေါင်းတို့ ပါးစပ်တို့ မပါပဲနဲ့ မျက်တောင်လေးတွေနဲ့ပဲ လိပ်ပြာလေး တောင်ပံခတ်သလို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူ့ရဲ့ပါးပြင်ပေါ်ကို ထိခတ်စေတာ
(၂) Eskimo Kiss ဒါကတော့ နှာခေါင်းလေးတွေချည်းပဲ ဘယ်ညာခတ်ပြီး တွတ်ထိုးတာ
(၃) Platonic kiss ( Socratic kiss ) ပါးပြင်ပေါ် နမ်းတာလေးပါ
(၄) Good night kiss အမေက သားသမီးလေးတွေကို သိပ်တဲ့အခါ နမ်းတဲ့အနမ်းပါ ၊ ဒါမှမဟုတ် အိပ်ခန်းထဲကို မပို့ခင် Good night လို့နှုတ်ဆက်ပြီး နမ်းတဲ့အနမ်းပါ
(၅) Wake up kiss မနက် အိပ်ယာက နှိုးတဲ့ အနမ်းလေးပေါ့
(၆) Eye Kiss
(၇) Ear Kiss
(၈) Forehead kiss
(၉) Angel kiss
(၁၀) Shy Kiss
(၁၁) Passionate Kiss
(၁၂) Static Kiss
(၁၃ )Open-Mouth Kiss
(၁၄) Combination Bite & Kiss
(၁၅) Tease Her Kiss
(၁၆ ) Body Kiss
(၁၇) Swoon Kiss:
(၁၈) The Rocking Kiss
(၁၉) Upside-down Kiss
(၂၀) French Kiss ( Soul Kiss )
နောက်ထပ်အများကြီး ရှိပါသေးတယ် ၊ ရေးရင် မကုန်နိုင်လို့ ဒီလောက်ဆို လုံလောက်ပြီ ထင်ပါတယ် ၊ ကိုယ်ပိုင် အနမ်းလေးတွေ ရှိရင်လည်း ပြောပြကြပါ ၊ အခုတော့ ဖတ်လာရတာ တော်တော်လေး ရှည်သွားပြီမို့ ဒီလောက်နဲ့ ပဲ ရပ်ပါရစေ။နွေးထွေး ချိုမြိန်သော အနမ်းများ ဖူးပွင့်ဝေဆာနိုင်ကြပါစေ .....
ဦးလေးကြီး(or) KWNO

ကျွန်မဘလော့ကို လာလည်ရင်း၊ ကျွန်မ နာမည်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးကိုတင်ပေးဖို့ တောင်းဆို မေလ်းပို့လာတဲ့အတွက် တင်ပေးရခြင်းဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတလေးအဖြစ် ပဲမြင်စေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဦးလေးကြီး ဆိုတဲ့သူကိုလည်း ကျေးဇူးပါလို့ ..။
ငါဟာ မင်းအတွက်
အစ်ကို့ မွေးနေ့ ၂၀ရက်
Happy Birthday, Ko Aungဒီနေ့ 20th August က ကျွန်မရဲ့  အစ်ကိုမွေးနေ့ ပါ။ ကျွန်မနဲ့ အစ်ကိုက ဒီAugust လ တစ်လ တည်းမှာမွေးခဲ့ကြတာလေ၊ ရက်တော့ကွာတယ်၊ ကျွန်မက ၃ရက်နေ့ ၊ အစ်ကိုက ၂၀ရက်နေ့ ။ မိုးရာသီမှာမွေးတာဖြစ်လို့ အမေက နင်တို့ ကိုမွေးတုန်းက အနှီးတော်တော်ကုန်တယ်လို့ ပြော ဖူးတယ်။ မိုးရွာလို့ အနှီးမခြောက်တာကြောင့်၊ အနှီးလျှော်လှမ်းရတဲ့ကိစ္စမှာလည်း တော်တော် ဒုက္ခရောက်ရတယ်တဲ့လေ။း)
ကျွန်မနဲ့ အစ်ကိုက ဒီAugust လ တစ်လတည်းတင်မဟုတ်ဖူး။ သိဟ်ရာသီဖွားချင်းလည်း တူကြတယ်။ တနင်္ဂနွေနေ့ ချင်းလည်း တူကြတယ်လေ။ ဒါကြောင့် ငယ်ငယ်တုန်းကဆိုရင် အမေက ကျွန်မတို့ မောင်နှမနှစ်ယောက်ကို မွေးနေ့ တစ်ခါတည်းပေါင်းလုပ်ပေးခဲ့တယ်။ အကုန်အကျသက်သာအောင်လားတော့မသိဘူး။း) ကျွန်မ တစ်နှစ်သမီးအရွယ် ကင်ပွန်းတပ် ကတည်းကစပြီး၊ မူလတန်းတက်တဲ့အချိန်ထိ မွေးနေ့ပွဲတိုင်းကို အစ်ကိုနဲ့ အတူတူလုပ်ခဲ့ ရတယ်။ အစ်ကိုကလည်း ကျွန်မလိုပဲ သူငယ်ချင်းအပေါင်းအသင်းသိပ်မရှိတော့ အမေတို့  အဖေတို့ အသိ မိတ်ဆွေတွေဖိတ်တာပိုများတယ်လေ။ ဒါပေမယ့် ကျွန်မကတော့ ကလေးမို့  လားမသိဘူး၊ အဲလိုပေါင်းလုပ်တာကိုမကြိုက်ပါဘူး၊ ဘာလို့ လဲဆိုတော့အစ်ကိုနဲ့  လက်ဆောင် ခွဲဝေနေရလို့ လေ။း) ဟုတ်တယ်၊ ဖိတ်စာကတစ်စောင်တည်းမှာ သားနဲ့ သမီးတို့ ရဲ့ မွေးနေ့  ဆိုတော့လည်း။ တစ်အိမ်တည်းမှာ မွေးနေ့ လုပ်တာကို ဘယ်သူက လက်ဆောင်သီးခြားစီပေး ပါ့မလဲ။
အဲဒီတုန်းက မောင်နှမက နှစ်ယောက်တည်းရှိသေးတာဆိုတော့ ကျွန်မက ဗိုလ်ကျလို့ ရတယ်။ မွေးနေ့ ပြီးလို့ ဧည့်ရှင်းပြီဆိုတာနဲ့ ကျွန်မက လက်ဆောင်တွေကို အရင်ဦးအောင်ဖောက်တယ်။ မှတ်မိတာက ကျွန်မဖောက်လိုက်တဲ့လက်ဆောင်တစ်ခုက ကားသေးသေးလေး၊ သဘောင်္ပုံစံ လည်း ဟုတ်တယ်၊ ဘီးလည်းပါတယ်၊ စက္ကူဗူးလေးမှာပြထားတာကတော့ ကုန်းပေါ်၊ ရေထဲ မောင်းလို့ ရတဲ့သဘောပေါ့။ ခု ကလေးတွေဆော့တဲ့ ကားသေးသေးလေးတွေလိုပါပဲ ကြမ်းပြင် ပေါ်မှာ ကားလေးကိုလက်နဲ့ ဖိကိုင်ထားရင်း နောက်ဖက်ကိုဆုတ်ပြီးမှ လက်လွှတ်လိုက်တဲ့အခါ ရှေ့  ကိုတအားပြေးသွားတာမျိုး။ ခုခေတ်ကတော့ အထူးအဆန်းမဖြစ်တော့ပါဘူး။ ကျွန်မတို့  ငယ်ငယ်တုန်းကတော့ အဲဒါလေးက အဆန်းဖြစ်နေတာပေါ့။ ပုံစံလေးကလည်း ကားမဟုတ် သဘောင်္လိုပုံစံမျိုးလေးဆိုတော့ ကျွန်မကသဘောကျခဲ့တယ်။ အမှန်တော့ အဲဒီကစားစရာ လေးကယောကျာင်္းလေးအတွက်ဆိုတာ သိသားပဲ။ ဟဲဟဲ ဒါပေမယ့် ကိုယ်ကလိုချင်တော့ ဒါက မီးမီးကိုပေးတာဆိုပြီး ယူထားလိုက်ရော။ အစ်ကိုက ကြောင်တောင်တောင်လေးနဲ့ ကျွန်မကို ကြည့်ရင်း ငါ့ကိုပေးတာပါလို့ သာတခွန်းပြောတယ်။ အတင်းလည်းလုမယူဘူးလေ။ သူက ငယ်ငယ်လေးကတည်း က စကားလည်းသိပ်ရှည်ရှည်ဝေးဝေးပြောတာမဟုတ်ဖူး။
စကားမပြောရုံတင်မဟုတ်ဖူး။ လူကကြောက်သေးတယ်၊ အမေ့နားပဲအမြဲကပ်နေတတ်တာ ငယ်ငယ်ကရိုက်တဲ့ဓါတ်ပုံတွေထဲမှာဆိုရင် အမေ့ထမီကိုကိုင်လျှက်အစ်ကို့ ကို တွေ့ ရတယ်။း) ဒါ့ကြောင့် အဖေက မင်းသားတော့အခြောက်ဖြစ်တော့မှာပဲဆိုပြီး စိုးရိမ်နေခဲ့တယ်တဲ့။ အဲဒါနဲ့  အဖေက သူ့ ကို သုံးလေးတန်းတက်တော့ ရော့ဘင်ဟု လို ပုံပြင်တွေပြောပြရတယ်၊ နောက်ပြီး ၁၂နှစ်သားလောက်မှာ ရှင်ပြုပြီးကိုရင်ဝတ်ခိုင်းရတော့တယ်။ အဖိုးမဆုံးခင်ဝတ် ပေးခဲ့တာလည်းပါတာပေါ့။ ရှင်မပြုခင်က အစ်ကို့ ပုံစံက ဆံပင်ဂုတ်ထောက်နဲ့ ပိန်ပိန်သေးသေးလေးပေါ့။ မိန်းခလေးပုံစံလိုလိုပဲ၊ ကျွန်မတို့ ရဲ့ ဝမ်းကွဲ အစ်မအကြီးဆုံးနဲ့  တောင်တူသလိုလိုရှိတယ်။ ရှင်ပြု ပြီးနောက်မှ အစ်ကိုက ယောကျာင်္းပိုပီသ လာတာလေ။

အစ်ကိုဝမ်းကွဲနှစ်ယောက်ရှိလို့ လည်း၊ နောက်ပိုင်း မှာ အစ်ကိုတွေနဲ့ တွဲဖြစ်ပြီး၊ အဖေစိုးရိမ်သလို မဖြစ်တော့တာထင်တယ်။ သင်္ကြန်ကျလို့ တောင် သူများတွေလိုမပျော်ခဲ့ဖူးဘူးလေ။ ရေစိုမှာစိုးလို့ ဆိုပြီး အိမ်ထဲ မှာပဲအောင်းနေတယ်၊ ဘယ်မှမထွက်ဘူး။ သူနိုင်ငံရပ်ခြားမသွားခင် သင်္ကြန်၂နှစ်လောက်ကိုသာအစ်ကိုတစ်ဝမ်းကွဲ ကအတင်းလာခေါ်လို့  သင်္ကြန်ထွက်ဖူးတယ်ရှိတော့တယ်။ ဒါတောင် ကားမှန် ပိတ်ပြီးလိုက်ကြည့်တာ။း)
အခုလတ်တလောအချိန်မှာတော့ အစ်ကိုကကျွန်မတို့ နဲ့ ရေခြားမြေခြားဖြစ်နေတယ်ဆိုပေမယ့် အစ်ကိုကြီးအဖအရာဆိုသလိုပဲ၊ သူ့ အလုပ်တွေများနေပေမယ့်လည်း အမေနဲ့ ကျွန်မတို့  ညီအစ်မ တစ်တွေကိုပိုပြီးဂရုတစိုက်ရှိလာပါတယ်။ ကျွန်မအတွက်လည်း အစ်ကိုဟာကျေးဇူးရှင် တစ်ယောက်ပါပဲ။ ကျွန်မရဲ့ အသက်ဆက်ကိုဆက်ရတာဟာ အစ်ကိုရဲ့  ချွေးနည်းစာတွေဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် အစ်ကို့ ကိုနေ့ စဉ်နေ့ တိုင်းမေတ္တာပို့ ပြီး၊ အလုပ်အကိုင်အဆင်ပြေစေဖို့  ဆုတောင်းပေးနေမိပါတယ်။
ဒီနေ့ အစ်ကို့ မွေးနေ့ မှစပြီး၊ နောင်လာမယ့်ရက်များမှာလည်း အလုပ်အကိုင်များအဆင်ပြေကာ၊ သာယာလှပသောဘ၀လေးကိုပိုင်ဆိုင်လျှက်၊ အေးချမ်းစွာရပ်တည်နိုင်ပါစေလို့ ပေါ့ ။
မှတ်ချက်။ ။ မြန်မာလို သြဂုတ်လဆိုတာခေါ်လို့ မကောင်းသလိုဖြစ်နေလို့ August လလို့ ပဲ ရေးသားလိုက်ပါတယ်။ August လ ဆိုတာလေးက ၁၂လထဲမှာခေါ်ဆိုရတာ အကောင်းဆုံး၊ အလှဆုံးလေးလို့ ပဲထင်မိတယ်။း) ကိုယ့်ငါးချဉ် ကိုယ်ချဉ်မိတာပါ်။း)

မောင်လေး ၄ယောက်ရှိလေသည်။
ကျွန်မမှာ အစ်ကိုတစ်ယောက်နဲ့ ညီမနှစ်ယောက်ရှိတာပါ။ အစ်ကိုဆိုတော့ အစ်မ တစ်ယောက်ရှိတာနဲ့ တော့ဘယ်တူမလဲ။ အစ်မသာဆိုရင် အစစအရာရာ ကိုယ်ကအားကိုး တကြီးပြောဆိုတိုင်ပင်လို့ ရမယ်လေ။ အစ်ကိုဆိုတော့ ဘာသိဘာသာပေါ့။ သူလုပ်တဲ့အလုပ် မှာ အချိန်ကုန်နေတတ်တာများတယ်။ ပြီးတော့ ကျွန်မရဲ့  အစ်ကိုက စကားများများလည်း မပြောဘူး။ သူစိတ်လိုတဲ့အချိန်နဲ့ ပြောစရာကိစ္စထွေထွေထူးထူးရှိတဲ့အချိန် မှာသာ အရေးတယူစကားပြောလေ့ရှိတယ်။ ကျန်တာကတော့ သူ့ ကိစ္စနဲ့ သူ လုံးလည်ချာလည်ပဲ။ အခုတော့ဝေးနေလို့ လားမသိဘူး၊ လိုင်းထဲကနေ ကျွန်မတို့ ညီအစ်မကို မတွေ့ ရင် ဘာဖြစ် သလဲဆိုပြီး ဖုန်းလှမ်းဆက်မေးရှာလေရဲ့ ။ အဖေမရှိတော့လည်း အစ်ကိုကြီးဆိုတော့ အဖအရာ ပါပဲ။ ကျွန်မတို့ က လည်းကိုးလာမိကြပါတယ်။
ကျွန်မအောက်ကတော့ ညီမနှစ်ယောက်ပေါ့။ ကျွန်မအောက်က ညီမတစ်ယောက်ကတော့ ကျွန်မနဲ့  အသက်၂နှစ်လောက်သာကွာတယ်။ အငယ်ဆုံးနဲ့ တော့ အသက်တော်တော်ကွာ သွားတယ် အမေက အသက်ကြီးမှ (မမွေးတော့ဘူးလို့ ထင်ထားကြတာမှာ)မွေးလိုက်တာပေါ့ ။ အဲဒီတုန်းကဆို ကျွန်မတို့ ညီအစ်မနှစ်ယောက်နဲ့ အမေ၊ အဖေတို့ ရွှေတိဂုံဘုရားမှာ သားဆုပန် သေးတယ်။ အမေကလည်း နောက်ထပ်သားလိုချင်၊ ကျွန်မတို့ ညီအစ်မ၂ယောက်ကလည်း မောင်လေးလိုချင်တာကိုး။ လူ့ ရဲ့ အလိုဆန္ဒတွေကလည်း အများသားလား။ ဆုတောင်းတိုင်း လည်းရတာမဟုတ်ဖူး ဆိုတာသိရဲ့ သားနဲ့ လေ။ ခက်တာက အဲဒီတုန်းက အယ်ထရာဆောင်း တို့ ဘာတို့ ကမပေါ် သေးတော့လည်း မွေးမှပဲ မိန်းခလေးဆိုတာ သိရတာပဲ။
အဲဒီတော့ မောင်လေးအရူးဖြစ်နေတဲ့ ကျွန်မက မောင်လေးမရတော့ဘူးပေါ့ဆိုပြီး နောက်ထပ် ညီမတစ်ယောက်ကိုပဲလက်ခံလိုက်ရသလို၊ အဖေ၊ အမေတို့ ကလည်း သားလေးမရတာကို မကျေမနပ် မဖြစ်ခဲ့ကြပါပဲ နောက်ထပ်သမီးတစ်ယောက်ကိုသာ ကြိုဆိုရတာပဲလေ။ ဒါပေမယ့် အမေ့ညီမ(အဒေါ်) ကမွေးတဲ့ ကျွန်မနဲ့ တစ်နှစ်သာကွာ တယ်ဆိုတဲ့ ညီမ၀မ်းကွဲကလည်း သူ့  မှာညီမတစ်ယောက်ရှိပြီး၊ သူကလည်း ကျွန်မလိုပဲ မောင်လေးလိုချင်နေသူပါ။ ကျွန်မတို့ မူလ တန်းကြီးရောက်တော့ သူ့ အမေကလည်းဗိုက်ထပ်ရပါတယ်၊ အဲတော့ သူ့ အမေက ယောကျာင်္း လေးမွေးမယ်ပေါ့ဆိုပြီး ကျွန်မကိုပြောပါတယ်။ သူကတော့ မောင်လေးရမယ်ပေါ့ဆိုပြီး သေချာ တဲ့ပုံနဲ့ ကျွန်မကိုကြွားနေလေရဲ့ ။
တကယ်ပဲ အဒေါ်ကမွေးတော့ယောကျာင်္းလေးပါ၊ သူကတော့မောင်လေးရလို့ ပျော်သွားတယ်။ ကျွန်မကလည်း မောင်အရင်းမဟုတ်ပေမယ့် ၀မ်းကွဲမောင်လေးပေါ့။ အဒေါ်က အသက် ၄၀ လောက်မှာ နောက်ထပ်တစ်ယောက်မွေးတာကလည်း ယောကျာင်္းလေး၊ အဲတော့ သူက ညီမ တစ်ယောက်နဲ့ မောင်နှစ်ယောက်ဖြစ်သွားတယ်။ ဒါပေမယ့် ကျွန်မနဲ့  ၀မ်းကွဲမောင်လေးတွေ ရင်းရင်းနှီးနှီးမနေခဲ့ရဘူး။ သူ့ အိမ်ကိုယ့်အိမ် သွားလည်တာကလည်းနည်းပြီး၊ ကျွန်မတို့ က ကျောင်းစာနဲ့ လုံးပန်း နေတဲ့အချိန်လည်းဖြစ်ခဲ့တယ်။ ကျွန်မနဲ့ တစ်နှစ်သာကွာတဲ့ ညီမနဲ့ က တော့ တစ်တန်းတည်း တစ်ကျောင်းတည်းဆိုတော့ ကျောင်းကိုအမြဲအတူတူတက်နေကျမို့  သူနဲ့ ကတော့ ညီမလိုတစ်မျိုး၊ သူငယ်ချင်းလိုတစ်မျိုးဖြစ်နေခဲ့တယ်။ မောင်လေးတွေအရွယ် ရောက်လာချိန်ကျတော့ သူတို့ ကလည်း ကိုယ့်အမတွေလို့ သိလာခဲ့ပြီးမှ ခင်ခင်မင်မင် ဖြစ်လာကြတော့တာ။ ခုတော့လည်း သူတို့ လေးတွေက ကိုယ်စီကိုယ်စီ အဝေးတစ်နေရာဆီ ရောက်နေကြပြီး ကိုယ့်ဘ၀နဲ့ ကိုယ် ရှင်သန်နေကြရတယ်လေ။
ထားပါတော့။ ကျွန်မပြောချင်တာက ခုချိန်မှာ ကျွန်မအဖို့ မောင်အရင်းတွေလိုသဘောထားတဲ့ မောင်လေးတွေရနေကြောင်းကိုပြောချင်တာပါ။ ငယ်ငယ်ကတည်းက မောင်လေးလိုချင်တဲ့ ရူးသွပ်မှုက အခုကျွန်မဆန္ဒပြည့်ဝခဲ့ကြောင်းလေးပါ။ အိုင်တီခေတ်ကြီးထဲရောက်တဲ့အခါမှာ သူငယ်ချင်းတွေပေါများလာနိုင်သလို ၊ မောင်နှမတွေလိုချစ်ခင်ကြတဲ့သူတွေလည်း ရှိကြပါလိမ့် မယ်။ အွန်လိုင်းဆိုတဲ့ ကမ္ဘာရပ်ရပ်နဲ့ ဆက်သွယ်နိုင်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းကနေ မိတ်ဆွေ၊ သူငယ်ချင်းတွေရှာနိုင်ခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ်မို့ ကောင်းတဲ့သူတွေရှိသလို၊ မကောင်းတဲ့သူတွေလည်းရှိကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မသူငယ်ချင်း၊ မိတ်ဆွေရတာ ကံကောင်းတယ်လို့ ပြောရမယ် ။ ကျွန်မသိခဲ့တဲ့ သူတွေအားလုံးမဟုတ်ပေမယ့်၊ ကျွန်မ ခင်မိ တဲ့ ကျွန်မကို ခင်လာကြတဲ့သူတွေပေါ့။ သူတို့ တစ်တွေအားလုံး မိတ်ကောင်းဆွေကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။
အဲဒီသူတွေထဲကမှ ကျွန်မအတွက် မောင်အရင်းလိုချစ်ခင်ရတာ ၄ယောက်ရှိပါတယ်။ မောင်လေး၎ယောက်စလုံး ကျွန်မအပေါ်ကောင်းကြတယ်။ တစ်ခါတစ်လေ ကျွန်မတို့ နောက် ပြောင်ကြတယ်။ တစ်ခါတစ်လေ ကျွန်မက သူတို့ ကိုခိုင်းစားတယ်။ ကွန်ပျူတာနဲ့ ပတ်သတ် လို့ ကျွန်မမလုပ်တတ်တဲ့အပိုင်းတွေ ဟိုလုပ်ခိုင်း၊ ဒီလုပ်ခိုင်း၊ လိုချင်တဲ့သီချင်းတွေရှာခိုင်း။ သူတို့ ကလည်း ကျွန်မကိုမငြူမဆူပါပဲ၊ လုပ်ပေးကြတယ်။
အများဆုံး ကျွန်မခိုင်းတာကိုလိုင်းထဲကနေ မညည်းမညူလုပ်ပေးရတာကတော့ ရုရှားက မောင်လေးပါပဲ။ သူ့ ကိုဆို ကျွန်မ တော်တော်နိုင်တယ်။ “ဟေ့ မင်းကောင်မလေးနဲ့  နောက်မှ ပြော၊ မင်းအစ်မ ငါ ခိုင်းတာအရင်လုပ်ပေး” ထမင်းချက်၊ ဟင်းချက်နေတယ်ဆိုလည်း “ထမင်းက စားနေကျ ထမင်းတနပ်မစားရလို့  ဘာမှမဖြစ်ဘူး. ဒီမှာအရေးကြီးတယ်၊ မေးတာကို အရင်ဖြေ” စသည်ဖြင့် အနိုင်ကျင့်နေကျပါ။ သူက ညပိုင်းကိုအမြဲလို လိုင်းထဲရှိနေ တာကိုး။ ကျွန်မအပြစ်မဟုတ်ဖူးနော်။း)သူ့  ကောင်မလေးသိရင်တော့ ကျွန်မကိုမုန်းမလားပဲ။ သူနဲ့ သိတာဆိုရင် ၂နှစ်ကျော်လောက်ရှိပါပြီ။
နောက်တစ်ယောက်က လန်ဒန်မှာစာသင်နေတဲ့ မောင်လေး။ သူ့ ကိုသိတာလည်း ၁နှစ်ကျော် ၂နှစ်နီးပါးပါပဲ။ သူ က ကျွန်မကို စသိသိချင်း ချစ်မမလို့ ခေါ်တော့၊ ဟဲ့ ဘယ်လိုပါလိမ့်လို့  ထင်မိသေး။ နောက် စကားပြောရင်းမှ သူ့ ရဲ့ နောက်ပြောင်တတ်မှုနဲ့ ရိုးသားမှုတွေ က ပေါ်လွင်လာတယ်။ ဒါနဲ့ ကျွန်မလည်း နောက်ပိုင်း သူ့ ကို ချစ်မောင်လေး ဆိုပြီး နောက်နောက် ပြောင်ပြောင်ပြန်ခေါ်ရင်းက ခုထိ အဲလိုပဲခေါ်နေမိတော့တယ်။ သူက အသိပညာဗဟုသုတ ကြွယ်ဝတယ်။ ညာဏ်ရည်ကောင်းတယ်။ သူ့ ရေးတဲ့စာတွေလည်းကောင်းတယ်။ ဘလော့မှာ စာတွေရေးနေတယ်လေ (အလင်းတန်း) နဲ့ ပေါ့။း) သူလည်း ကျွန်မရဲ့  ဟိုမေး ဒီမေးကိစ္စတွေ ကို မအားတဲ့ကြားကပြောပြပေးရသူပါပဲ။ တစ်ခါတစ်ရံ ကျွန်မ တုံးလွန်းအလွန်းလို့  အမ ကိုယ့် ဖာသာလုပ်တော့လို့ ပြောတတ်ပါတယ်။ ပျော်ပျော်နေတတ်သူဖြစ်ပြီး ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေသူပေါ့။ တစ်ခါကဆို ကျွန်မနဲ့ လိုင်းထဲမှာစကားပြောရင်း သူ့ ကောင်မလေး ခေါ်တာကိုလည်းကိုင်ပြီး၊ ကျွန်မကိုလည်း လိုင်းမချပစ်လို့ သူ့ အသံတွေအတိုင်းသားကြားကာ ရယ်ရပါသေးတယ်။ နောက်တော့ ကျွန်မကပဲ ချပစ်လိုက်ရတယ်။ အဲလောက်ထိဆိုးတား) မောင်လေးရေ…ဖော်ကောင်လုပ်လိုက်ပြီ၊ မကျေနပ်ရင်တရားစွဲတော့ ။
တတိယမြောက် သူကတော့ ကျွန်မအကြောင်းကိုအများဆုံးသိသူပါ။ ရန်ကုန်မှာနေတာဖြစ်ပြီး အပြင်လောကမှာပါတွေ့ ဆုံခင်မင်ခဲ့ခြင်းကြောင့်လည်း၊ ကျွန်မနဲ့ အရင်းနှီးဆုံး ဖြစ်သွားခဲ့တယ်။ သူနဲ့ သိတာက မနှစ်ကကျွန်မမွေးနေ့ အလိုတစ်ရက်မှာပါ။ မေလ်းပို့ ခြင်းနဲ့  သူကမိတ်ဆက် လာတယ်။ စသိကတည်းက သူ့ ရဲ့ မှန်မှန်ကန်ကန်ပြောဆိုမှု နဲ့ ရိုးသားမှုကထင်ရှားပါတယ်။ ရန်ကုန်မှာဖြစ်တာကြောင့်လည်း ကျွန်မဆီအမြဲလိုဖုန်းဆက်ပြီး၊ အစ်မ တစ်ယောက်လို ဂရုတစိုက်ရှိခဲ့ပါတယ်။ သူ့ ပြဿနာများကို ရင်ဖွင့်တတ်သလို၊ ကျွန်မ ဆုံးမရင်လည်း အမကပါ ဆူပြန်ပါပြီလို့ ပြောတတ်ပါတယ်။ အဲလိုပြောပေမယ့်လည်း ကျွန်မပြောတာကို နားထောင် ပါတယ်။ ကျွန်မကိုယ်တိုင်မလုပ်နိုင်တဲ့ ကိစ္စများနဲ့  ကျွန်မရဲ့ လိုအပ်ချက်တွေတိုင်းကို ကူညီပေးဖို့ အမြဲအဆင်သင့်ရှိနေသူတစ်ဦးပါ။ တစ်ခါတစ်လေ ကျွန်မကျန်းမာရေးနဲ့ ပတ်သတ် လို့ ဆေးရုံရောက်တဲ့အခါ အဖော်လာလုပ်ပေးပါသေးတယ်။ ခုဆို သူနဲ့ သိတာတစ်နှစ် တင်းတင်းပြည့်သွားခဲ့ပြီပေါ့။
လေးယောက်မြောက် မောင်လေးလို့ ပြောရမယ်၊ သူနဲ့ က နောက်ဆုံးမှ ခင်မင်ရင်းနှီးတာလည်း ဖြစ်တယ်။ အဲဒီမောင်လေးနဲ့ သိတာအချိန်ကာလအားဖြင့် ၄လသာရှိပါလိမ့်အုံးမယ်။ ဒါပေမယ့် သူနဲ့ ကလည်း ဘယ်လိုရေစက်ကြောင့်ရယ်မသိ၊ တကယ့်မောင်အရင်းတစ်ယောက်လိုပဲ စိတ်ထဲကခံစားရတယ်။ သူကလည်းအဲလိုပါပဲ၊ ကျွန်မကို အမကြီးတစ်ယောက်လို အားကိုး အားထားပြုပြီး ခင်တွယ်ရှာတယ်။ ကျွန်မပြောလိုက်တဲ့စကားတွေကိုလည်း လက်ခံတယ်၊ ကျွန်မနဲ့ အယူအဆတွေ တော်တော်လေးတူတယ်။ သူ့ ကိုတော့ ကျွန်မသိပ်မခိုင်းဖြစ်ဘူး။ သူကလည်း သူ့ အလုပ်မှာအချိန်ကုန်တာများတယ်။ အလုပ်သွားခါနီးနဲ့ အလုပ်အားခိုက် အချိန်လေးသာအွန်လိုင်းထဲတွေ့ နိုင်တဲ့သူ။ သူအခု အလုပ်လုပ်နေတာက ကိုးရီးယားနိုင်ငံ ။ သူ့ အကြောင်းသိရသလောက်ကတော့ သူဟာရိုးသားတယ်၊ ကြိုးစားတယ်၊ ကိုယ့်လူမျိုးကို အလေးထားတတ်ပြီး၊ အကောင်းမြင်သဘောထားတတ်တဲ့သူတစ်ယောက်။ တစ်ခါတစ်ခါ ကျွန်မကိုတောင်ပြန်ပြီး ဆုံးမတတ်သေးတယ်။း) သူတစ်ယောက်ကိုတော့ ကျွန်မကအရှုံးပေး ရတယ်လေ။ ကျွန်မအလျော့ပေးရတာချည်းပဲ။ ဒါပေမယ့် ကျွန်မစကားတော့လည်း နားထောင် ပါတယ်။ ခုထိပေါ့၊ ရည်းစားမရသေးလို့ ဖြစ်ပါလိမ့်မယ်။း)
အခြား ကျွန်မနဲ့ ခင်မင်သူ မောင်လေးများ၊ ညီမလေးများ၊ သူငယ်ချင်းမိတ်ဆွေများ အားလုံး လည်း ကျွန်မအပေါ်ကောင်းကြပါတယ်။အခုကျွန်မရဲ့ မောင်လေး၎ယောက်ဆိုတာကတော့ သူတို့ ကလည်း အစ်မမရှိတဲ့သူတွေမို့ ကျွန်မကို အစ်မရင်းတစ်ယောက်လို ချစ်ခင်နေကြတဲ့သူတွေဖြစ်သလို၊ ကျွန်မကလည်း မောင်မရှိတော့ မောင်လေးတွေလို ချစ်ခင်မိတာပါ။ နောက်ထပ်လည်း မောင်လေး၊ ညီမလေးများ နဲ့  သူငယ်ချင်း၊ မိတ်ဆွေများ ရလာနိုင်အုံးမှာပါလို့  ကျွန်မယုံကြည်ပါတယ်။
တဏှာမူလက တရားကိုးပါး
၁။ လိုချင်မှုတဏှာကိုအစွဲပြုပြီး ရှာမှီးခြင်းဖြစ်ပေါ်လာသည်။
၂။ ရှာမှီးခြင်းကိုအစွဲပြုပြီး ရခြင်းဖြစ်ပေါ်လာသည်။
၃။ ရခြင်းကိုအစွဲပြုပြီး စီမံဆုံးဖြတ်ချက်ကြောင်းဖြစ်ပေါ်လာသည်။
၎။ စီမံဆုံးဖြတ်ခြင်းကိုအစွဲပြုပြီး မက်မောခြင်းဆန္ဒရာဂ ဖြစ်ပေါ်လာသည်။
၅။ မက်မောမှုဆန္ဒရာဂကိုအစွဲပြုပြီး စွဲလန်းခြင်းဖြစ်ပေါ်လာသည်။
၆။ စွဲလန်းခြင်းကိုအစွဲပြုပြီး သိုမှီးသိမ်းဆည်းခြင်းဖြစ်ပေါ်လာသည်။
၇။ သိမ်းဆည်းရခြင်းကိုအစွဲပြုပြီး ၀န်တိုခြင်း မစ္ဆရိယဖြစ်ပေါ်လာသည်။
၈။ ၀န်တိုခြင်းမစ္ဆရိယကိုအစွဲပြုပြီး စောင့်ရှောက်ရခြင်းဖြစ်ပေါ်လာသည်။
၉။ စောင့်ရှောက်ရခြင်းကိုအစွဲပြုပြီး တုတ်ကိုင်ရခြင်း၊ လက်နက်ကိုင်ရခြင်း၊ အငြင်းခုန်ရခြင်း
ကုန်းတိုက်ခြင်း၊ မုသားဆိုခြင်း စသော အကုသိုလ်များဖြစ်ပွားလာရသည့်ဆိုတဲ့ ၉မျိုးပါ။
ဒီဒုက္ခတွေက ကင်းလွတ်ချင်လို့ ဒါနပြုကြတာပါပဲ။
မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်၏ ဗုဒ္ဓဘာသာခေါင်းဆောင်းထားသော အရှင်ဒေ၀ဒတ်၏ တပည့်များ” စာအုပ်မှ ကူးယူရေးသား ဖော်ပြပါသည်။

အလွမ်းဆုံး
နင်ချကျွေးတဲ့
ဥပက္ခောတွေ စားရင်း
ငါအသည်းမာတတ်လာတာပဲ
ဆောရီးနော်.. ငါ feel ကျဲသွားပြီ
လွမ်းတော့လွမ်းတယ်
မင်းကိုတော့မဟုတ်ဘူး
ပေးလိုက်ရတဲ့ ငါ့အချစ်တွေကို
ငါအလွမ်းဆုံးပဲ။
ဖိုးကောင်း(မြိတ်)
Gtalk မှာသူတင်ထားတဲ့ ကဗျာစာသားလေးပါ။ သဘောကျလို့ ခွင့်တောင်းပြီး ပိုစ့်တင်ဖြစ်တာ။

အချစ်=??? (Tag Post)
ဘ၀မှာအချစ်ဆိုတာ မရှိရင်မပြည့်စုံဘူးတဲ့လား။ ကျွန်မအသေအချာပြန်စဉ်းစားကြည့်မိတဲ့အခါ လူတွေကအချစ်ကိုအတော်လိုလားကြတာပဲ။ ကျွန်မကိုယ်တိုင်လည်းဒီလိုပဲလေ။ ငယ်စဉ်အချိန် ကလေးဘ၀၊ နားလည်တတ်စကတည်းက မိဘတွေရဲ့ ချစ်ခြင်းကို စတင်လိုချင်လာကြတယ်။ အဲဒီအချိန်ကတည်းက အချစ်ကိုလိုလားကြတာလူ့ သဘာဝပဲလား။ မိဘက ကိုယ့်အပေါ်ချစ် ခင်မှုမရှိရင်(သို့ ) အခြားမောင်နှမတွေကိုပိုချစ်ရင်တောင်မှ မကျေမနပ်ဖြစ်တတ်ကြတဲ့ ကျွန်မ တို့ တစ်တွေဟာ အချစ်ကိုအလေးအနက်ထားကြတာ၊ အချစ်ခံချင်ကြတာထင်ရှားကြပါတယ်။အဲဒီနောက် ကျောင်းစနေလို့ သူငယ်ချင်းတွေရလာတဲ့အခါမှာလည်း အပေါင်းအသင်းတွေကို ချစ်ခင်တွယ်တာတဲ့စိတ်ဖြစ်လာပါတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုချစ်ခင်မယ့် သူတွေကို မျှော်လင့်တတ်ပါတယ်။ ကျွန်မအပါအ၀င်ပေါ့။ ကျွန်မလည်း မိဘတွေကစလို့ အပေါင်းအသင်း မိတ်ဆွေအားလုံးရဲ့ ချစ်ခင်မှုကိုလိုလားပါတယ်။ မိတ်ဆွေအပေါင်းအသင်းတော့ များများမရှိခဲ့ ပေမယ့် မိတ်ဆွေတိုင်းရဲ့  ကိုယ့်အပေါ်ခင်တွယ်မှုကျတော့လိုလားကြတာပဲလေ။ အထူးသဖြင့် ကိုယ်နဲ့စိတ်တူကိုယ်တူဖြစ်နိုင်မယ့်သူ၊ ကိုယ့်အပေါ်နားလည်ခွင့်လွှတ်နိုင်မယ့်သူမျိုးကိုပိုပြီး ချစ်ခင်ကြတာလည်း သဘာဝပါပဲ။ ကိုယ်ကချစ်ခင်ရတဲ့သူတွေ ကိုယ့်ကိုပြန်လည်ချစ်ခင် စေချင် တဲ့ စိတ်ကလည်း လူအများဆုံးဖြစ်တတ်ကြမယ်ထင်ပါတယ်။
အချစ်ဆိုတာကိုးကွယ်အားထားစရာလားလို့ သေချာမသိပေမယ့်၊ အချစ်ကိုမျှော်လင့်တောင့် တ တတ်ကြတာတော့အမှန်ပဲဖြစ်ပါလိမ့်မယ်။ လူသားတိုင်းက အချစ်ကိုလိုလားကြပါတယ်။ တကယ်တော့ ငါမချစ်တတ်ဖူး၊ အချစ်ဆိုတာ အလကားပါ လို့ ပြောနေကြတဲ့သူတွေက အချစ် ကိုပိုပြီး ရယူတတ်ကြပါတယ်။ လူတစ်ယောက်ကို သနားလို့ ပဲဖြစ်ဖြစ်၊ ခင်တွယ်လို့ ပဲဖြစ်ဖြစ်၊ အားကိုးလို့ ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ချစ်တတ်လာကြတာပါ။ ဘ၀မှာမချစ်ဖူးတဲ့ သူဆိုတာမရှိပါဘူး။ (သမီးရည်းစားအချစ်တစ်မျိုးတည်းကိုဆိုလိုခြင်းမဟုတ်ပါ။)
ဘ၀မှာ အချစ်ဆိုတာတော့ လိုအပ်နေကြမှာပါ။ ဘယ်လို အချစ်မျိုးမဆို ဘယ်နေရာမျိုးမဆို ပေါ့။ အချစ်ဟာ အားတစ်ခုကိုပေးစွမ်းတာတော့အမှန်ပဲ။ အိမ်ထောင်တစ်ခု မှာ (သို့ မဟုတ်) မိသားစုတစ်ခုမှာလည်း အချစ်ဆိုတာ အမြဲလိုအပ်နေတာပဲ။ သူက ငါ့ကိုတော့ ဂရုမစိုက်ဘူး လို့ အသိဝင်တာနဲ့  သူက ငါ့ကိုမချစ်လို့  ဆိုတာ မှတ်ယူလိုက်မိတတ်ကြပါတယ်။ ဒါကြောင့် အိမ်ထောင် တစ်ခု(သို့ မဟုတ်) မိသားစုတစ်ခုမှာလည်း အချစ်ကို ဝေမျှပေးဖို့ လိုတယ်လို့  ထင်ပါတယ်။ မိဘ နဲ့ သားသမီးတွေ အမြဲတမ်းဖြစ်တတ်တဲ့ ပြဿနာဟာလည်း၊ မိဘတွေက သားသမီးတွေကို ညီမျှစွာမချစ်လို့ ဆိုတဲ့ အကြောင်းအရာတွေအများဆုံးပါဝင်ပတ်သတ်နေ တာကိုတွေ့ မြင်နိုင်မှာပါ။
အချစ်ကြောင့်အဆင်ပြေသွားတဲ့သူတွေရှိသလို၊ အချစ်ကြောင့်ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ ရတာ မျိုးလည်းရှိတတ်ပါတယ်။ အချစ်ဟာကောင်းသလား၊ ဆိုးသလားလို့ ဘယ်သူက အတိအကျ
ဝေဖန်ပိုင်းခြားနိုင်မှာလဲ။ ဒါ့ပေမယ့် လောကမှာရှိတဲ့လူသားအားလုံးကတော့အချစ်နဲ့ မကင်း နိုင်ကြပါဘူး။ ကျွန်မလည်း ပါဝင်တာပေါ့။
၁၅၀၀ဆိုတဲ့ ချစ်ခြင်းမေတ္တာကို သမီးရည်းစားအချစ်လို့ ပြောကြတယ်လေ။
အဲဒီအချစ်ဆိုတဲ့ခံစားချက်ဟာဘယ်လိုများမွေးဖွားလာခဲ့တယ်ဆိုတာကိုဘယ်သူများသေသေ ချာချာသိနိုင်ပါ့မလဲ။ အချစ်ဆိုတာကိုအမျိုးမျိုးအဓိပ္ပါယ်ကောက်ယူလို့ ရကြတာပဲ။
အချစ်ကိုခံစားခဲ့ဖူးသူတိုင်းကတော့ အချစ်ကိုသူတို့ ခံစားကြရသလို သူတို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ ရ နိုင်တာပဲ မဟုတ်လား။ လူတစ်ယောက်စီမှာ အချစ်ရဲ့အယူအဆတွေလည်းအမျိုးမျိုးရှိကြမှာပါ။ တစ်ယောက်နဲ့ တစ်ယောက်တူဖို့  လည်း မဖြစ်နိုင်ပါဘူးထင်ပါရဲ့။
ကျွန်မတော့ အချစ်ကိုသေသေချာချာအဓိပ္ပါယ်မဖွင့်တတ်ဘူး။
အချစ်ဟာမီးလိုပူတယ် လို့ ပြောကြတဲ့သူတွေရှိပါတယ်။ သူတို့ ရဲ့  အချစ်ကအဆင်မပြေရင် ပြောကြတဲ့ စကားလားတော့ ကျွန်မလည်းမသေချာဘူး။ အချစ်ကို ဝေဖန်ပိုင်းခြားထား ကြတာ တွေများပါတယ်။ ဒါပေမယ့် ကျွန်မကတော့ အချစ်ကို အချစ်လို့ ပဲသိတယ်။ နှလုံးသားက ခံစား ရတဲ့ ခံစားချက်တစ်ရပ်လို့ လေ။
အချစ်မှာအကြောင်းပြချက်မရှိဘူးတဲ့။ တစ်ချို့ ပြောကြပါလိမ့်မယ်။ ဒါတော့မှန်မလား မသိဘူး။
တကယ်ချစ်ပြီဆိုတဲ့ သူတွေမှာ ဂုဏ်ပကာသနဆိုတာလည်း မရှိကြတော့ဘူး။ အဆင့်အတန်း တွေဘာတွေလည်း မကြည့်တော့ဘူး။ ဘာကိုမှထည့်မတွက်ကြတော့ဘူးလေ။ နှလုံးသားမှာ ဂဏန်းသချာင်္တွက်သလိုတွက်တတ်တဲ့ အက္ခရာကိန်းဂဏန်းတွေမရှိဘူး၊ ဂဏန်းပေါင်းစက် တွေ၊ ကွန်ပျူတာတွေလည်းမရှိဘူး။ အချစ်မှာတစ်ဦးနဲ့ တစ်ဦး နားလည်နိုင်ဖို့ ကအဓိကပဲလို့  ကျွန်မလည်း ခံယူမိပါတယ်။ ဒါပေမယ့် ခုခေတ်မှာတော့ ဒါမျိုးအချစ်က ရှားပါးသွားပြီထင်ပါရဲ့ ။
နားလည်မှုမရှိနိုင်တဲ့သူကို တကယ်ချစ်ပါတယ်လို့ ပြောနိုင်ပါ့မလား။
အချစ်ဆိုတာ နားလည်မှုတွေနဲ့ တည်ဆောက်ထားတာလို့ လည်းထင်မိပါတယ်။
လူနှစ်ယောက်လမ်းခွဲဖြစ်ကြတယ်ဆိုတာ ဘယ်လိုအကြောင်းအရာတွေကြောင့်ပါလဲ။
တစ်ချို့ က မချစ်ကြတော့လို့မဟုတ်ပါဘူး။ ချစ်နေကြလျှက်ကို လမ်းခွဲဖြစ်သွားတယ်။
ဒါဟာ ယုံကြည်မှုကင်းမဲ့ပြီး နားလည်မှုမရှိနိုင်တော့တာကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ သူ့ နှလုံးသားမှာ ကိုယ့်အတွက်ခံစားချက်မရှိတော့ရင် သူ ကိုယ့်ကိုမချစ်တော့လို့ ပေါ့။
ဒီလိုပဲ ကိုယ့်နှလုံးသားကလည်း သူ့ အတွက်ခံစားမပေးနိုင်တော့ရင်လည်း သူ့ ကို ကိုယ်မချစ် တော့တာပဲလေ။ လူတစ်ယောက် ကိုယ့်ကိုချစ်နေတယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူက ကိုယ့်ကို အမှတ်တရရှိနေလိမ့်မယ်။ ဆက်သွယ်နေလိမ့်မယ်လို့ ထင်မိတယ်။ အဲဒါဟုတ်မလားတော့မသိဘူး။
တကယ်ချစ်ရင် ဒီလိုပဲပြုမူတတ်ကြတယ်လို့ ဆိုတာပဲလေ။း)
အချစ်ကို ကျွန်မနားလည်ခံစားမိရသလောက်လေးကိုတင်ပြမိတာပါ။
ကျွန်မကတော့အချစ်ဆိုတာကိုအဓိပ္ပါယ်အတိအကျမသိပါ။

အချစ်ဆိုတာပိုင်ဆိုင်ရယူလိုခြင်းလား????
စွန့် လွှတ်ခြင်းလား????
အချစ်ဆိုတာရင်ခုန်တပ်မက်ခြင်းလား????
စားသုံးပြီးသော်လည်းမ၀သည့်ပျားရည်စက်တွေလား????
နက်ရှိုင်းစွာတိုးဝင်ဖို့ ဆွဲဆောင်သည့်မွှေးပျံသောအမှောင်ထုတစ်ခုလား????
နေပူထဲမှလာသောသူကိုအရိပ်ထဲမှကြိုဆို၍တိုက်သောအေးစိမ့်သည့်ရေတစ်ခွက်လား????
အချစ်ကိုကျွန်မခံစားသိဖြင့်သိနေပါသည်။
(ကျွန်မနှစ်သက်မိတဲ့ ဂျူးရဲ့ အချစ်ဆိုတာကြိုးနဲ့ သီဖို့ မလိုတဲ့ပန်းပွင့်လေးတွေ မှ စာသားလေးပါ။ ပိုစ့်တစ်ခုမှာ လည်းရေးခဲ့ဖူးပါတယ်။)
ကဲ မက်မက်ရေ… ဘယ်လိုလဲ၊ ဖတ်ပြီးမကျေနပ်လည်း ငြိမ်နေလိုက်တော့နော်။ သိသမျှတော့ ဖျစ်ညှစ်ထုတ်ပြီး ရေးလိုက်တာပဲ။း)
မ အနမ်း
မ အနမ်း
မွေးနေ့ ကအမှတ်တရလေးများ
အိမ်ရှိဘုရားကို အရင်ဆုံးသစ်သီးနဲ့ ဆွမ်း၊ မုန့် များကပ်ပါတယ်။

ရွှေတိဂုံဘုရားကြီးကို သွားခဲ့တယ်
ရွှေတိဂုံဘုရားမြောက်ဖက်က သွေးဆေးကန် (ငါးကန်) ပေါ့
ငါးစာကျွေးတာအရမ်းသဘောကျတယ်း)
ပြီးတော့ ငှက်လွှတ်တယ်

ဝါဆိုသင်္ကန်းကပ်တာနဲ့  မေတ္တာရှင်ဆရာတော်ထံ ၀တ္ထုငွေလှူဒါန်းခြင်းများကိုတော့ အမှတ်တရ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပါဘူး။ အမေ့ကိုကန်တော့တာလည်းပါတာပေါ့။း)
မွေးနေ့ အတွက်အမှတ်တရကို မတင်တော့ဘူးလို့ နေတာ၊ ဒါပေမယ့် ဘလော့တင်ထားတော့ ကိုယ်ကိုယ်တိုင် လည်းအချိန်မရွေး ပြန်ကြည့်လို့ ရအောင်ပါ။
3 Aug 09, 21:47ဇေလေး: လာလည်တာနဲ့ မွေးနေ့လေးနဲ့တိုက်ဆိုင်နေတယ်ဗျာ..ကျွန်တော်လည်းဆုတောင်းပေးလိုက်ပါတယ်ဗျာ..ဘ၀မှာအစစအရာရာအောင်မြင်ပါစေဗျာ...ပြန်လည်လာလည်ဖို့ဖိတ်ခေါ်ပါတယ်ဗျာ..ကြိုဆိုပါတယ်ဗျာ
3 Aug 09, 21:03ဂျေဂျူဝိုင်: ပျော်စရာ မွေးနေ့လေး ဖြစ်ပါစေဗျာ။
3 Aug 09, 16:45မိုးသောက်ယံ: အနမ်းရေ အလည်ရောက်ခဲ့ပါတယ် .. မွေးနေ့နဲ့ တရက်ကပ်လွဲသွားပေးမဲ့ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေး တခု ဖြစ်ခဲ့မှာပါလို့ ယုံကြည်ပါတယ်။
3 Aug 09, 15:36Angel Shaper: မုန့်လာစားတယ်။ ပျော်ရွှင်ပါစေနော်
3 Aug 09, 13:53မောင်ကောင်း: အစ်မရေ.. မွေးနေ့မှာ လာရောက်ဆုတောင်း ပေးပါတယ်.. ကျွန်တော့ဘလော့ရဲ့ လင့်လေးလည်း ပြောင်းချိန်းပေးပါဦးအစ်မ..အရင်ဘလော့က အယ်ရာတက်သွားလို့ပါ အစ်မ.. မွေးနေ့မှာပျော်ရွှင်ပါစေ..။။
3 Aug 09, 12:24မင်းထက်: အပြေအလွားဒလာဆုတောင်းတာပါနော်ကျွန်တော့်စီမှာ ၁၂ မကျော်သေးလို့ပါနော်..
3 Aug 09, 12:24မင်းထက်: အသက်ရာကျော်ရှည်ပီး ချစ်တဲ့သူနဲ့ ပျော်ရွင်စွာ ဘ၀ကို ဖြတ်သန်းနိုင်ပါစေနော်..
3 Aug 09, 11:46ကိုကိုမောင်: မွေးနေ့မှာ ပျော်ရွှင်ပါစေ အမ။
3 Aug 09, 10:41မငုံ: မနမ်းရေ..နည်းနည်းလေးနောက်ကျသွားတယ်။ ကိတ်မုန့်ကျန်သေးလား။
3 Aug 09, 10:34မိုးသွေးငယ်: မွေးနေမှာပျော်ရွှင်အေးချမ်းပါစေအမ ။ကွန်မကောင်းလို့ အမရေ နောက်ကျနေတယ်ဗျာ။
3 Aug 09, 09:51htikekyaw: happy birthday mama
3 Aug 09, 09:23ချစ်ညီမအိ့ ဗြိ့: အဟိ့နောက်ကျမှကဒ်ရောက်လာမှာကအချိန်အပြောင်းအလဲကြောင့်ပါ အဟဲ့ ဘာဘဲဖြစ်ဖြစ်ရောက်လာရင်ပြီးရောမဟုတ်လား
ခဏလေးများ: ပျော်ရွင်ပါစေ
3 Aug 09, 08:49မြစ်ဆုံ: မိမိလိုရာကိုစွမ်းဆောင်နိုင်သောသူ ဖြစ်ပါစေ
3 Aug 09, 08:47မြစ်ဆုံ: အောင်မြင်မှု့အပေါင်းနဲ့ပြည့်စုံပါစေ
3 Aug 09, 08:46မြစ်ဆုံ: မင်္ဂလာရှိသောမွေးနေ့ဖြစ်ပါစေ
3 Aug 09, 05:14မိုးသောက်ကြယ်: မမအနမ်းရေ... Happy Birthday ပါနော်..
3 Aug 09, 02:35wwkm: Happy Birthday to u.
3 Aug 09, 01:31မေကဆုန်: မမ ပျော်ရွင်စရာမွေးနေ့ပေါင်းများစွာကို ချစ်သောသူများနဲ့ ကျော်ဖြတ်နိုင်ပါစေရှင်
2 Aug 09, 21:02တလနွန်: ပျော်ရွင်စရာ မွေးနေ့ ဖြစ်ပါစေ ။
2 Aug 09, 20:18မေဇင်: မမရေ..... ပျော်ရွှင်စရာမွေးနေ့မှာသသည်... အမြဲစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..။
2 Aug 09, 13:51 မောင်လေး: Happy Birthday, Chit Mama
2 Aug 09, 13:26Angel Shaper: မွေးနေ့အနမ်းလေး လာပေးတာပါနော်။ ဟက်ပီးဘတ်ဒေးးးးးးးးးးး
2 Aug 09, 13:09ဧရာဝတီသား: Happy Birthday ပါအစ်မရေ၊ ပျော်ရွှင်ပါစေ။
2 Aug 09, 12:43မြူးလေး: မမရေ........... Happy Birthday နော်
မြူးလေး: အိမ်မှာ မွေးနေ့ ပွလြေး လုပ်ပေးထားတယ်သိလား
2 Aug 09, 10:47ကွိကွိ: HaPpY bIrThDaY ...မွေးနေ့ မှာပျော်နိုင်ပါစေ ။
လေပြေအေး: happybirthday မမ .. ကျန်မာပျော်ရွှင်ပါစေ...။
ဒီခွေး၂ကောင်ကလည်း အနားမှာလာတောင်းနေလို့ ကျွေးရသေးတယ်း)
ဝါဆိုသင်္ကန်းကပ်တာနဲ့  မေတ္တာရှင်ဆရာတော်ထံ ၀တ္ထုငွေလှူဒါန်းခြင်းများကိုတော့ အမှတ်တရ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပါဘူး။ အမေ့ကိုကန်တော့တာလည်းပါတာပေါ့။း)
မွေးနေ့ အတွက်အမှတ်တရကို မတင်တော့ဘူးလို့ နေတာ၊ ဒါပေမယ့် ဘလော့တင်ထားတော့ ကိုယ်ကိုယ်တိုင် လည်းအချိန်မရွေး ပြန်ကြည့်လို့ ရအောင်ပါ။
ကျွန်မကို စီဗုံးထဲကနေ ဆုတောင်းပေးကြတဲ့ မိတ်ဆွေအပေါင်းအသင်း နဲ့  မောင်လေး ညီမလေးများကိုလည်း အမှတ်တရအဖြစ်တင်ထားခြင်းပါ။
ကွန်မန့် ပေးတဲ့သူတွေကတော့ ပျောက်ပျက်မသွားတဲ့အတွက်မဖော်ပြတော့ပါဘူး။
4 Aug 09, 09:37ဖိုးဂျယ်: မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ
4 Aug 09, 09:37ဖိုးဂျယ်: အမရေ မနေ့က မွေးနေ့ကို လာတယ်
ကွန်နက်ရှင်ကလုံးဝမကောင်းဘူး
ပြီးတော့ ကောမန့် ကပေးလို့ မလွယ်ဘူးဗျ
3 Aug 09, 21:47ဇေလေး: လာလည်တာနဲ့ မွေးနေ့လေးနဲ့တိုက်ဆိုင်နေတယ်ဗျာ..ကျွန်တော်လည်းဆုတောင်းပေးလိုက်ပါတယ်ဗျာ..ဘ၀မှာအစစအရာရာအောင်မြင်ပါစေဗျာ...ပြန်လည်လာလည်ဖို့ဖိတ်ခေါ်ပါတယ်ဗျာ..ကြိုဆိုပါတယ်ဗျာ
3 Aug 09, 21:03ဂျေဂျူဝိုင်: ပျော်စရာ မွေးနေ့လေး ဖြစ်ပါစေဗျာ။
3 Aug 09, 16:45မိုးသောက်ယံ: အနမ်းရေ အလည်ရောက်ခဲ့ပါတယ် .. မွေးနေ့နဲ့ တရက်ကပ်လွဲသွားပေးမဲ့ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေး တခု ဖြစ်ခဲ့မှာပါလို့ ယုံကြည်ပါတယ်။
3 Aug 09, 16:37subuueain: Happy Birthday ပါနော်။ အမြဲပျော်ရွှင်ပါစေ
3 Aug 09, 15:36Angel Shaper: မုန့်လာစားတယ်။ ပျော်ရွှင်ပါစေနော်
3 Aug 09, 13:53မောင်ကောင်း: အစ်မရေ.. မွေးနေ့မှာ လာရောက်ဆုတောင်း ပေးပါတယ်.. ကျွန်တော့ဘလော့ရဲ့ လင့်လေးလည်း ပြောင်းချိန်းပေးပါဦးအစ်မ..အရင်ဘလော့က အယ်ရာတက်သွားလို့ပါ အစ်မ.. မွေးနေ့မှာပျော်ရွှင်ပါစေ..။။
3 Aug 09, 12:24မင်းထက်: အပြေအလွားဒလာဆုတောင်းတာပါနော်ကျွန်တော့်စီမှာ ၁၂ မကျော်သေးလို့ပါနော်..
3 Aug 09, 12:24မင်းထက်: အသက်ရာကျော်ရှည်ပီး ချစ်တဲ့သူနဲ့ ပျော်ရွင်စွာ ဘ၀ကို ဖြတ်သန်းနိုင်ပါစေနော်..
3 Aug 09, 11:46ကိုကိုမောင်: မွေးနေ့မှာ ပျော်ရွှင်ပါစေ အမ။
3 Aug 09, 10:41မငုံ: မနမ်းရေ..နည်းနည်းလေးနောက်ကျသွားတယ်။ ကိတ်မုန့်ကျန်သေးလား။
3 Aug 09, 10:34မိုးသွေးငယ်: မွေးနေမှာပျော်ရွှင်အေးချမ်းပါစေအမ ။ကွန်မကောင်းလို့ အမရေ နောက်ကျနေတယ်ဗျာ။
3 Aug 09, 09:51htikekyaw: happy birthday mama
3 Aug 09, 09:23ချစ်ညီမအိ့ ဗြိ့: အဟိ့နောက်ကျမှကဒ်ရောက်လာမှာကအချိန်အပြောင်းအလဲကြောင့်ပါ အဟဲ့ ဘာဘဲဖြစ်ဖြစ်ရောက်လာရင်ပြီးရောမဟုတ်လား
ခဏလေးများ: ပျော်ရွင်ပါစေ
3 Aug 09, 08:49မြစ်ဆုံ: မိမိလိုရာကိုစွမ်းဆောင်နိုင်သောသူ ဖြစ်ပါစေ
3 Aug 09, 08:47မြစ်ဆုံ: အောင်မြင်မှု့အပေါင်းနဲ့ပြည့်စုံပါစေ
3 Aug 09, 08:46မြစ်ဆုံ: မင်္ဂလာရှိသောမွေးနေ့ဖြစ်ပါစေ
3 Aug 09, 05:14မိုးသောက်ကြယ်: မမအနမ်းရေ... Happy Birthday ပါနော်..
3 Aug 09, 02:35wwkm: Happy Birthday to u.
3 Aug 09, 01:31မေကဆုန်: မမ ပျော်ရွင်စရာမွေးနေ့ပေါင်းများစွာကို ချစ်သောသူများနဲ့ ကျော်ဖြတ်နိုင်ပါစေရှင်
2 Aug 09, 22:51whitenight: မမ တနေ.ကြရောက်တဲ.မွေးနေ.မှ စ၍ နောင်.နှစ်ပေါင်များစွာ ပျော်ရွှင်နိုင် ပါစေ။ မမ
2 Aug 09, 21:30kaungkinpyar: Happy Birthday အနမ်းလက်ဆောင် လာပေးတယ်နော်
2 Aug 09, 21:02တလနွန်: ပျော်ရွင်စရာ မွေးနေ့ ဖြစ်ပါစေ ။
2 Aug 09, 20:18မေဇင်: မမရေ..... ပျော်ရွှင်စရာမွေးနေ့မှာသသည်... အမြဲစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..။
2 Aug 09, 13:51 မောင်လေး: Happy Birthday, Chit Mama
2 Aug 09, 13:26Angel Shaper: မွေးနေ့အနမ်းလေး လာပေးတာပါနော်။ ဟက်ပီးဘတ်ဒေးးးးးးးးးးး
2 Aug 09, 13:09ဧရာဝတီသား: Happy Birthday ပါအစ်မရေ၊ ပျော်ရွှင်ပါစေ။
2 Aug 09, 12:43မြူးလေး: မမရေ........... Happy Birthday နော်
မြူးလေး: အိမ်မှာ မွေးနေ့ ပွလြေး လုပ်ပေးထားတယ်သိလား
2 Aug 09, 10:47ကွိကွိ: HaPpY bIrThDaY ...မွေးနေ့ မှာပျော်နိုင်ပါစေ ။
လေပြေအေး: happybirthday မမ .. ကျန်မာပျော်ရွှင်ပါစေ...။
ကျွန်မအတွက် ဒီလိုဆုတောင်းပေးကြတာလေးတွေကလည်း ပီတိဖြစ်မိလို့ တင်ရခြင်းပါ။ ကြွားတာမျိုးတော့မဟုတ်ပါဘူး။ အားလုံးကိုကျေးဇူးတင်တယ်။
အမရဲ့ ကျေးဇူးကြောင့်လည်း ကျွန်မ ဒီလိုတွေလုပ်နိုင်ခဲ့တာပါ။ အဲဒီနောက် အမနဲ့ အတူ ကျွန်မကို ပါရမီဖြည့် ပေးကြတဲ့ ကျွန်မသူငယ်ချင်းနဲ့ ညီမတစ်ယောက်ကိုလည်းကျေးဇူးပါလို့ ....
၂၀၀၉ ရဲ့ မွေးနေ့ 
ဒီနေ့ ကျွန်မမွေးနေ့ လေးကို လာရောက်လည်ပတ်ကြတဲ့ ဘလော့ဂါမိတ်ဆွေအပေါင်းကို ကျေးဇူးတင်ပါတယ်။
ကျွန်မမွေးနေ့ အတွက် စားစရာများကို ဒီနေရာလေးမှာ သွားရောက်သုံးဆောင်ပါနော်။း) ချစ်ညီမလေး က စီစဉ်ပေးထားပါမယ်တဲ့။ ကျွန်မကတော့ လုပ်ချင်တာလေးတွေ လုပ်ဖို့ အပြင်ထွက်လိုက်ပါအုံးမယ်။
ကျွန်မ မွေးနေ့ အတွက် ဘုရားကိုအရင်ဆုံးသွားပါမယ်။ အားလုံးကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာပါစေ။

Subscribe to:
Posts (Atom)