“နှစ်သစ်ကူးသည့် မြန်မာ့သင်္ကြန်”


“နှစ်သစ်ကူးသည့် မြန်မာ့သင်္ကြန်”

သင်္ကြန်သည် သင်္ကန္တဟူသော ပါဠိပုဒ်မှလာသည်။ သကတ္တ ရရစ်သံနှင့် သင်္ကြန် ဟူသော မြန်မာစကား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သင်္ကန္တ၏ အနက်မှာ ကူးပြောင်းခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိခြင်းဟူ၍ဖြစ်သည်။ 

မြန်မာလူမျိုးတို့ ၏ ကျင်းပမြဲဖြစ်သော ဆယ့်နှစ်ရာသီပွဲတော်များတွင် သင်္ကြန်ရေသဘင် ပွဲ တော်သည် အလွန်ကြီးကျယ် စည်ကားသော အမျိုးသားပွဲတော် တစ်ခုဖြစ်လာခဲ့သည်။

နိုင်ငံ၏ အဓိက ကိုးကွယ်သော ဗုဒ္ဓအယူဝါဒနှင့်တကွ အခြားသောယဉ်ကျေးမှု ဓလေ့ထုံးစံတို့  သည်လည်း ဟိန္ဒူအယူဝါဒနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံတို့ ရောထွေးကာ မြန်မာနိုင်ငံဖက်သို့  ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်ဆို၏။

မြန်မာလူမျိုးတို့ ၏ နှစ်ကူးသင်္ကြန်ပွဲတော်သည်လည်း ဟိန္ဒူ အယူဝါဒမှ ဆင်းသက်သော ဓလေ့ အတိုင်း ရှေးယခင်ကာလများ၌ မိဘ၊ ဆရာသမားများနှင့် သက်ကြီးဝါကြီးများကို သနပ်ခါး နံသာရေများ ၊ သပြေခက်ကလေးများဖြင့် ကန်တော့ကြသည့်အလေ့အထရှိခဲ့ကြသည်။

သင်္ကြန်ရေကစားသည့် အလေ့သည် ပုဂံခေတ်ကပင် ရှိခဲ့သည်ကို နရသီဟပတေ့မင်းနှင့် မိဖုရားစောလုံ တို့ ၏ ရာဇ၀င်ဇာတ်ကြောင်းက သက်သေပြုနိုင်လေသည်။    

ရှေးယခင် ကတည်းက   နှစ်ကူးသင်္ကြန်ပွဲတော် ဟူ၍ ထူးခြားစွာရေပက်ဖျန်းကြသည့် အစဉ် အလာ မှာ ယခု ထက်တိုင် ထင်ထင်ရှားရှား တည်ရှိနေသေးသည်ကို တွေ့ မြင်နိုင်ကြပေသည်။  မြန်မာလူမျိုးတို့ ၏ နှစ်ကူးပွဲကို သင်္ကြန်ဟုသတ်မှတ် ခေါ်ဆိုခဲ့သည်။  နှစ်သစ်ကိုကြိုဆိုသည့် သဘောဖြင့် မြန်မာလူမျိုးတို့  သည် ရေပက်ကစားခဲ့ကြသည်။ 

ယခုခေတ်၌ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့ နှင့် တစ်ဖွဲ့ အလွန်အကျူး အပြန်အလှန်ရေကစားမှုများ၊ အပြိုင်အဆိုင် စကားနိုင်သံချပ်များနှင့် ပျော်ရွှင်ပွဲသဖွယ် ဆင်နွှဲမှုများအဖြစ် တဖြေးဖြေး အသွင် ပြောင်းးလာ ခဲ့ကြခြင်းဖြစ်သည်။ ဤသို့ တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းကြသည့် အလေ့မှာ လာမည့် နှစ်တွင် ဘေးဘယာများကင်းစင်၍  ကြည်လင်အေးမြစေရန် ရည်သန် သည့် သဘော ဖြစ်သည်ဟု ဆိုကြသည်။

သင်္ကြန်ရက်များ ကို အကြိုနေ့ ၊ အကျနေ့ ၊ အကြတ်နေ့  နှင့် အတက်နေ့ ဆိုပြီး လေးရက်တိုင် တိုင် ကျင်းပလေ့ရှိကာ၊ နောက်တစ်နေ့ ကူးပြောင်းသည်တွင် နှစ်ဆန်းတစ်ရက်နေ့ ဟု သတ် မှတ်ခဲ့ကြသည်။ နှစ်ဟောင်း ကုန်၍ နှစ်သစ်ဆန်းစ ပထမနေ့ ကို နှစ်ဆန်းတစ်ရက် ဟုခေါ် ဆို ကြခြင်းပင်ဖြစ်သည်။  
 
ကမ္ဘာပေါ်ရှိ လူမျိုးတို့ သည် မိမိတို့ ၏ ဓလေ့ထုံးတမ်း အစဉ်အလာများအရ နှစ်ဆန်းရက်များ သတ်မှတ်ရပေရာ ‘နှစ်’ ဟူသည့်အပိုင်းအခြားကို သတ်မှတ်သည့် အစဉ်အလာရှိချိန်မှစ၍ နှစ် ဆန်း တစ်ရက်နေ့ ဟူသော ဝေါဟာရပေါ်လာသည်ဟု ယေဘူယျအားဖြင့် ယူဆရန်ရှိသော် လည်း မည်သည့်ခုနှစ်သက္ကရာဇ် မှ စ၍ နှစ်ဆန်းတစ်ရက်နေ့ ကိုနေ့ထူးနေ့ မြတ် အဖြစ်သတ် မှတ် ခဲ့သည် ကိုမူတတ်အပ်မဆိုနိုင်ကြပေ။

အဟောင်းမှအသစ်သို့  ကူးပြောင်းခြင်းကား နှစ်လိုဖွယ်ရာဖြစ်သည်။ နှစ်သစ်ကူးပြောင်းခြင်းကို မင်္ဂလာ ဟုသတ်မှတ်ကြသည်။ နှစ်ဆန်းချိန်လူတစ်မျိုး နှင့်တစ်မျိုး မတူကြသကဲ့သို့  နှစ်သစ်ပွဲ ကျင်းပပုံချင်းလည်း မတူကြချေ။  

ယခုအခါ မြန်မာတို့ ၏ နှစ်တစ်နှစ်အကူး ရေပက်ဖျန်းကြသည့် ချစ်စရာ ရိုးရာအတာသင်္ကြန် ဓလေ့သည် ကမ္ဘာ နှင့် အ၀ှမ်း ယနေ့ ထက်တိုင် လူသိများထင်ရှား နေသည်ကို တွေ့ မြင်နိုင် ကြပေသည်။   

အနမ်း (သုခုမ)
မြန်မာ့စွယ်စုံကျမ်းအတွဲ(၆) ၊(၁၂) တို့ မှကိုးကားပါသည်။ 

2 ယောက်ဆွေးနွေးချက်:

ကိုလူထွေး said...

လူကြီးတွေ ပြောဖူးတဲ့ ဗြဟ္မာကြီး လေးဦးဆိုတာ ဟိန္ဒူ အယူအဆ ဖြစ်နိုင်တယ်နော်.. မျှဝေပေးတာ ကျေးဇူးပါ.. နှစ်သစ်မှာ ပျော်ရွှင်ပါစေ...

buddha said...

တစ်ဦးနှင့်တစ်ဦး ရေပက်ဖျန်းကြသည့် အလေ့မှာ လာမည့် နှစ်တွင် ဘေးဘယာများကင်းစင်၍ ကြည်လင်အေးမြစေရန် ရည်သန် သည့် သဘော STUPID THINKING, THIN GYAN IS CULTURE. NOT RELIGION CONCEPT FROM BUDDHA...