
ဒီဇင်ဘာရဲ့ နှင်းတစ်စက်
စိတ်ကူးယဉ်ကမ္ဘာလေး ထဲက ကျွန်မ
လူတိုင်းလူတိုင်း ကတော့ စိတ်ကူးယဉ်တတ်ကြပါတယ်။ ကျွန်မလည်း လူတွေထဲ က လူ တစ်ယောက်မို့ အမြဲတမ်း စိတ်ကူးမယဉ်တတ်ဖူးဆိုပေမယ့်၊ တစ်ခါတစ်ရံကတော့ စိတ်ကူး ယဉ်တာပဲပေါ့။ စိတ်ကူးယဉ်တယ်ဆိုတာ ကိုယ်ဖြစ်ချင်ရာတွေကို တွေးတောနေမိခြင်း တစ်မျိုး ပါ။ စိတ်ကူးယဉ်မှုတွေက တကယ် ဖြစ်မလာဘူးလို့ မပြောနိုင်ပေမယ့်၊ တကယ်ဖြစ်လာနိုင်တာ ပဲလို့ လည်း တရားသေ ယူဆလို့ မရပါဘူး။ သို့ ပေမယ့်လည်း စိတ်ကူးယဉ်မှုဆိုတာကို လူတိုင်း ပိုင်ဆိုင် နိုင်ကြပါတယ်။ လူတိုင်းဟာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို စိတ်ကူးထဲမှာ အကောင်အထည် ဖော်ခွင့် ရှိတယ် လေ။ဒါကြောင့်လူတိုင်းလွတ်လပ်စွာစိတ်ကူးယဉ်ခွင့်ရှိတာပေါ့။ ကျွန်မလည်း စိတ်ကူးယဉ်မိတာလေး တွေရှိပါတယ်။ ကျွန်မ စိတ်ကူးယဉ်တတ်တဲ့အချိန်က ညအိပ်ယာဝင်ခါစ ကုတင်ပေါ်လှဲလှောင်း မိတဲ့အချိန်ပေါ့။တစ်နေ့ တာ လုပ်စရာရှိတာတွေအားလုံးလုပ်ကိုင်ပြီးတဲ့နောက်မှာ(အလုပ် အကိုင်ကြီးတော့ မရှိပါဘူး။ စားသောက် တာလည်းအလုပ်ပဲလေးP ) တစ်နေ့ လုံးပင်ပန်းနေ တဲ့ စိတ်တွေကိုလျှော့ချလိုက်ပြီး ဘုရားရှိခိုး၊ မေတ္တာပို့ ပါတယ်။ (အထင်တော့သိပ်မကြီးနဲ့ အုံး နော်းD ) ပြီးတာနဲ့ ကုတင်ပေါ်လှဲအိပ်ပါတော့တယ်။ အိပ်မပျော်ခင် စပ်ကြားမှာ ကျွန်မရဲ့ စိတ်ကူးယဉ်မှု က ကျွန်မကို ကမ္ဘာသစ်ဆီ ခေါ်ဆောင်သွားခဲ့တယ်။
ကျွန်မရဲ့ ကမ္ဘာသစ်လေးမှာ ကျွန်မဟာ အတော်အတန် နာမည်ရနေတဲ့ စာရေးဆရာမ တစ်ဦး လေ။ (နာမည်ကြီး စာရေးဆရာမတော့ မဟုတ်သေးဘူး)ကျွန်မ ပိုင်ဆိုင်ထားတာတွေက ကျွန်မအပေါ်မေတ္တာအပြည့်အ၀ထားတဲ့ အေးအေးချမ်းချမ်းနဲ့ တရားမွေ့ လျှော်နေမယ့်၊ မိခင်ကြီး နဲ့ ကျွန်မ စာရေးခြင်းကိုအားပေးပြီး၊ လမ်းညွှန်ကူညီပေးမယ့် ကျွန်မရဲ့ အားထားရာ အဖေ။ အဲဒီနောက်တော့ ကျွန်မနဲ့ မနီးလွန်းမဝေးလွန်းမှာ ရှိနေမယ့်၊ ကျွန်မကိုစာနာ နားလည် ခွင့်လွှတ်ပြီး၊ အစဉ်အမြဲ ကျွန်မကိုချစ်နေနိုင်မယ့် ကျွန်မအတွက် အဖော်ကောင်လေးတစ် ယောက်။ (ကျွန်မ ခိုင်းသမျှကိုလည်း မငြိုမငြင်လုပ်ပေးနိုင်ရမယ်လေ)း)
ပြီးတော့ ကျွန်မ ယုံကြည်ရသူ၊ ကျွန်မကိုလည်းယုံကြည်မယ့်သူ ဖြစ်ရမယ်။း)
ကျွန်မရဲ့ စိတ်ကူးယဉ် ကမ္ဘာလေး မှာ သူတို့ တွေရှိနေကြမယ်ဆိုရင်၊ ကျွန်မ ငွေကြေးအများကြီး ကို မပိုင်ဆိုင် ပေမယ့် ၊ ပျော်ရွှင်နေမိမှာတော့အမှန်ပဲ။ ခုတောင် ကျွန်မ စိတ်ကူးယဉ်မိတာလေး ကိုပြန်ရေးရင်းနဲ့ ပျော်နေမိ သေးတယ်။ ဒါဟာ ကျွန်မရဲ့  အိပ်ယာဝင်ခါစ အိပ်မပျော်သေးခင် စိတ်ကူးယဉ်မိတဲ့ အတွေးလေးပဲပေါ့။
ကဲ ညီမလေး ၀ှိုက်ရေ .. အမတော့ညီမလေးတဂ်ထားတာကိုအကောင်အထည်ဖော်ပြီးပြီနော်။
ဒီလောက်ဆို ကျေနပ်တော့ ... ကော်နက်ရှင်းသဘောကောင်းနေလို့ ညီမရေ မဟုတ်ရင်မလွယ်ဘူး။
ဘယ်လို တော်စပ်ကြမှာလဲ???
ဒါက ၀တ္ထုတွေ၊ ပုံပြင်တွေမဟုတ်ပါဘူး။ တကယ့်အဖြစ်အပျက်ပါ၊ မဖြစ်သင့်တဲ့အဖြစ်အပျက်မို့ ၊ စိတ်ပျက်ဖို့ လည်းကောင်းတယ်။ ပြောရရင်တော့ တောရွာတစ်ရွာကအဖြစ်အပျက်တစ်ခုပါ။ မြို့ကတော့ မလှိုင်လို့ ခေါ်တဲ့ မြို့လေးတစ်မြို့ မှာပါ။ မိတ္ထီလာဖက်မှာရှိတဲ့မြို့ပေါ့။ မိတ္ထီလာဆိုရင်တော့လူ အတော်များများသိကြပါတယ်။ အဲဒီ မလှိုင်မြို့ မှာရှိတဲ့ အပျိုကြီး တစ် ယောက် အကြောင်းပါ။ ခုတော့ သူက အသက်၇၀ အရွယ်လောက် ရှိနေ ပါပြီ။ သူ့ နာမည် က မခင်မြ ၊ လွန်ချောမောလှပခဲ့သူလို့ သိရပါတယ်။ သူနေတဲ့ ရွာမှာတော့ သူက အချောအလှ မို့  ကာလသားတော်တော်များများက သဘောကျကြတာပေါ့။ ဒါကြောင့်သူကလည်း ကာလသား တော်တော် များ များ နဲ့ ရှုပ်တာပါပဲ။ မခင်မြ အိမ်ထောင်ကျ တော့ အသက်သုံးဆယ် နီးနီးရှိနေ ပါပြီ ။အချို့ ကလည်း သူ့ ကို ဗိုက်တစ်လုံးနဲ့ မို့  ကိုမောင်ဌေး ကိုယူလိုက်တာပဲလို့ ဆိုကြ ပါ တယ်။ ကိုမောင်ဌေးကမခင်မြထက်အသက်လေး၊ ငါးနှစ် ကြီးပါတယ်။ ကိုမောင်ဌေးနဲ့ အိမ် ထောင် ကာလသိပ်မကြာလိုက်ပါဘူး။ သမီးကလေးမွေးပြီဲးကိုမောင်ဌေး နဲ့ ကွဲသွားကြပါတယ်။ကိုမောင်ဌေး နဲ့ ကွဲပြီး မခင်မြက အဒေါ်ဖြစ်သူအိမ်မှာပြန်နေခဲ့တယ်။ အဲဒီနောက်သမီးလေးကို အဒေါ်များ အိမ်မှာကျွေးမွေးစေပြီး မခင်မြ ကတော့ရန်ကုန်ဆိုတဲ့မြို့ကြီး ကိုအဖော်များနဲ့ လိုက် ပါသွားခဲ့ပါတယ်။ မခင်မြ ရန်ကုန်ကို ရောက်ပြီး သုံးလေးနှစ်အကြာ အိမ်တွေမှာပဲ လှည့်လည် အလုပ်လုပ်ခဲ့ပါတယ်။ ခွင့်ရရင်တော့ တောကို တစ်နှစ်တစ်ခေါက်ပြန်ကာ သမီးကို တွေ့ ဆုံခဲ့ ပါတယ်။ မခင်မြအဖို့ ကံကောင်းတယ်လို့ ပဲ ဆိုရမလား မသိဘူး၊ မခင်မြအလုပ်လုပ်တဲ့ အိမ်နဲ့ မနီးမဝေးက သဘောင်္သားဆိုသူက မခင်မြကိုစွဲလန်းကာ ချစ်ခင်လျှက် လက်ထပ်ဖို့ အထိ ပြောဆိုလာပါတယ်။ သဘောင်္သားကိုဇော်ဆိုသူ က မခင်မြထက်အသက် ၁၀နှစ်လောက်ငယ် တာက တစ်ကြောင်း၊ မခင်မြကသူများအိမ်မှာ အလုပ်လုပ်နေသူဖြစ်တာက တစ်ကြောင်းတို့ ကြောင့်၊ ကိုဇော် ရဲ့ မိဘများက မခင်မြကိုသဘောမကျကြပါဘူး။ သို့ ပေမယ့်လည်း ကိုဇော်က မခင်မြကို လက်ထပ်ကာ အတူ ပေါင်းသင်း နေထိုင်ခဲ့ပါတယ်။
မခင်မြ နဲ့ ကိုဇော်တို့ လက်ထပ်ပြီး တောကိုဆွေပြ၊ မျိုးပြ အနေနဲ့ တစ်ခေါက်ပြန်ပါတယ်။ သမီးဖြစ်သူ မသူဇာကိုလည်း တူမအဖြစ်နဲ့  မိတ်ဆက်ပေးပါတယ်။ သမီးကလည်း အမေ ကိုငယ်ငယ်ကတည်းက အဒေါ်ဆိုပြီးခေါ်လာခဲ့တာဆိုတော့ အဒေါ်လို့ ပဲခေါ်တာကြောင့် ၊ မခင်မြရဲ့ ယောကျာင်္း ကိုဇော်မှာ မခင်မြတို့ ကို သားအမိမှန်းတကယ်မသိခဲ့ပါဘူး။ သည်လိုနဲ့ မခင်မြနဲ့ ကိုဇော် တို့ မှာ ရန်ကုန်မှာပဲ အတူနေထိုင်ကြပြီး သမီးသုံးယောက် ထွန်းကား ခဲ့ပါတယ်။ မသူဇာကလည်း တောမှာအိမ်ထောင်ကျ၊ သားသမီး သုံးယောက်မွေးပြီး၊ ယောကျာင်္း ဖြစ်သူက ထန်းပင်တက်ရင်း သေဆုံးသွားခဲ့ပါတယ်။ သားသမီးတွေအရွယ်ရောက်လာတော့၊ မုဆိုးမဖြစ်နေတဲ့မသူဇာကို အမေဖြစ်တဲ့ မခင်မြက ရန်ကုန်ကိုခေါ်ယူကာ စောင့်ရှောက်ထားပါတယ်။
အနမ်း
ငါးစာကျွေးဖို့သွားကြမယ်
ဒီနေရာလေးကို ခုမှရောက်ဖူးတာပါ။ ငါးကန်တွေ ဘုရားတိုင်းမှာ ရှိတာသိပေမယ့်၊ ကမ္ဘာအေးစေတီ ၀င်းထဲမှာရှိတဲ့ မဟာသိမ်တော်ကြီးနဲ့ မလှမ်းမကမ်းမှာ ဒီငါးကန် ရှိနေတယ်ဆိုတာ မသိခဲ့ဘူး။ ဒီနေ့တော့ မနက်ဖက် ဘယ်မှမသွားဖြစ်ပဲ အိမ်မှာရောက်နေကြတဲ့ သူငယ်ချင်း၊ အမတို့နဲ့ အတူတူ ရောက်သွား ဖြစ်ခဲ့တယ်။ ငါးကန်မရောက်ခင် ငါးစာရောင်းတဲ့ ဆိုင်လေးတွေကိုလည်း ခုလို မြင်တွေ့ နိုင်ပါတယ်။
ငါးစာရောင်းချသည့်ဆိုင်လေးများ
ငါးကန်ကြီးက အတော်ကို ကျယ်ဝန်းပါတယ်။ ကန်ထဲမှာရှိတဲ့ ငါးကြီး တွေကလည်း မနည်းမနောပါပဲ။ ဒီနေရာလေးကို ရောက်သွားရင်ပဲ အေးချမ်းသလိုလို ခံစားလိုက်ရတယ်။ ငါးစာကျွေးသူတွေကိုလည်း ကန်ပတ်လည် နေရာတော်တော်များများမှာ မြင်တွေ့ ရပါတယ်။
ဘီစကစ်များနဲ့ တည်ဆောက်ထားတဲ့အိမ်လေး (နဲ့ ) Sedona ရဲ့ Indiana Jones ပွဲတော်

Christmas ပွဲတော်များနဲ့ New Yearကိုကြိုဆိုတဲ့အနေနဲ့  သည်မှာရှိတဲ့  Hotel ကြီးများနဲ့  Super Market ကြီိးများ က သူ့ထက် ငါအပြိုင်ဆိုသလိုပြင်ဆင်ကာကျင်းပကြပါတယ်။
Christmas ပွဲတော်အတွက်ဆိုပြီး ပစ္စည်းအမျိုးမျိုးနဲ့  စားသောက်ဖွယ်ရာတွေ ကိုလည်း Discount တွေချကာ ရောင်းချပါတယ်။ သူများနိုင်ငံ တွေ လိုတော့ ဈေးထက်ဝက်လောက် လျှော့တာမျိုးမဟုတ်ပေမယ့်၊အရင်ရောင်း ဈေး တွေထက်တော့ 5%, 10% ချထားပါတယ်။
Hotel ကြီးတွေမှာ အလှအပ ပြင်ဆင်ထားကြတာ တွေကိုလည်း ညဖက်အပြင်ထွက်တဲ့ အခိုက်မြင်တွေ့ ခဲ့ရပါတယ်။ ညဖက် မီးရောင်စုံများနဲ့ ပုံသဏ္ဍာန်အမျိုးမျိုး မြင်တွေ့ တဲ့ အနက် ၊ ကြယ်ငါးပွင့် ဟိုတယ်ဖြစ်တဲ့  Sedona Hotel ကြီးထဲမှာလည်း အထူးလှပအောင် ပြင်ဆင်ထား တာကိုတွေ့ နိုင်ပါတယ်။ christmas tree နဲ့ အတူ ထူးထူးခြားခြား ပြင်ဆင်ထား တာကတော့ ဘီစကစ်နဲ့ တည်ဆောက်ထားတဲ့အိမ်လေးပါပဲ။ ထူးခြားပြီး ချစ်စရာကောင်းပါတယ်။ လှလှပပလေး နဲ့  santa နဲ့ အတူ ခရစ်စမတ်ရဲ့ အဓိပ္ပါယ်ကို ပုံဖော်ထားတာပါ။
နောက်တစ်ခု က Sedona Hotel မှာကျင်းပမယ့် Indiana Jones 2009 ဖြစ်ပါတယ်။
ဒီဇင်ဘာ၃၁ ရက် ညမှာကျင်းပမှာဖြစ်ပြီး၊ လူမင်းရဲ့ အထူးတင်ဆက်မှုပါပဲ။ ဒါအပြင် ဇော်ဝင်း ထွဋ်ရဲ့ အင်ပါယာ တေးဂီတ ဖျော်ဖြေမှု၊ ဖိလစ်ပီနိုတေးဂီတ၊ မျက်လှည့်တင်ဆက်မှုနဲ့ အတူ ညစာ ဘူဖေးလည်းပါဝင်ကာ ၀င်ကြေး $70 ကနေ $100 အထိပေးရပါမယ် ဆိုတဲ့အကြောင်း သိရပါတယ်။ ကြော်ငြာထားတာလေး ကိုပါ Post ကနေတင်ပြလိုက်ပါတယ်။ The Biggest Party in Myanmar လို့ ဆိုထားပါတယ်။
Sedona ကို ကျွန်မကိုယ်တိုင် ရောက်သွားတာတော့ မဟုတ်ဖူး။း))
ငါ တကယ်ကို ချစ်တတ်လာတယ်...
ဒီနှလုံးသား..ဒီမှာတင်....သွေးအေးထားပါတယ်. လွယ်ကူခြင်း Vs ခက်ခဲခြင်း
လူတစ်ယောက်ရဲ. နှလုံးသား မှာ နေရာတနေရာ ရဖို. ခက်ခဲပါတယ်။
သူများ အမှား၊အပြစ် ကို ရှာ ဖို. အင်မတန်လွယ်ကူပါတယ်။
မိမိ အမှားကို မှတ်ယူ၊ ရှောင်ကျဉ် ဖို. ခက်ခဲပါတယ်။
မစဉ်းစားပဲ စကား လျှောက်ပြောဖို. လွယ်ကူပါတယ်။
အမှားကင်း အောင် စကားပြောဖို. ခက်ခဲပါတယ်။
မိမိကို ချစ်ခင်တဲ. လူကို စိတ်နာကျင်အောင်လုပ်ဖို.လွယ်ကူပါတယ်။
ထိုစိတ်နာကျင် မူကို ပြန်လည်ကုစားဖို. ခက်ခဲလှပါတယ်။
တပါးသူကို မိမိက ခွင်.လွတ်ဖို. လွယ်ကူပါတယ်။
တပါးသူ ကို မိမိအား ခွင်.လွတ်ဖို. တောင်းဆိုရတာ ခက်ခဲပါတယ်။
စည်းကမ်း၊မျဉ်း တွေ ချမှတ်ရတာ လွယ်ကူပါတယ်။
လိုက်နာ ဖို. ခက်ခဲပါတယ်။
အောင်နိုင်သူ ဖြစ်ရတာ လွယ်ကူပါတယ်။
သိက္ခာရှိရှိ ရှူံး နိမ့် သူ ဖြစ်ဖို. ခက်ခဲပါတယ်။
ကျောက်တုံး နှင်. ခလုတ် တိုက်မိဖို. လွယ်ကူပါတယ်။
ပြန်ထ ရတာ ခက်ခဲပါတယ်။
နေ.တိုင်း ဘ၀ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရတာ လွယ်ကူပါတယ်။
တန်ဖိုးရှိရှိ ဖြတ်သန်းဖို. ခက်ခဲပါတယ်။
ဂတိ တခု လွတ်ခနဲ ပေးဖို. လွယ်ကူပါတယ်။
ဂတိ အတိုင်းလိုက်လုပ် ဖို. ခက်ခဲပါတယ်။
ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်း ချစ်ပြနေဖို. ခက်ခဲပါတယ်။
သူများကို ဝေဖန် ရတာ လွယ်ကူပါတယ်။
မိမိကိုယ်ကို တိုးတက်အောင် လုပ်ရာမှာ ခက်ခဲပါတယ်။
အမှားတခု လုပ်ရတာ လွယ်ကူပါတယ်။
အဲဒီ အမှားကနေ သင်ယူကို ခက်ခဲပါတယ်။
ပြီးဆုံးသွားတဲ. အချစ်ဇာတ်လမ်းကို ပူဆွေး တောင့်တ ရတာလွယ်ပါတယ်။
အဲ့လို ပြီးဆုံးမသွားအောင် လုပ်ဖို.က ခက်ခဲပါတယ်။
တိုးတက်ကြီးပွားဖို. စဉ်းစားရတာ လွယ်ပါတယ်။
စဉ်းစားတာတွေ ရပ်ပြီး လက်တွေ.အကောင်အထည်ဖော်ဖို. က ခက်ခဲပါတယ်။
ချစ်သူငယ်ချင်းရေ လို. နူတ်ကပြောရတာလွယ်ပါတယ်။
ထိုကဲ့သို. ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို. ခက်ခဲပါတယ်။
ကျွန်တော်၏အွန်လိုင်းသူငယ်ချင်းများပျော်ရွှင်စေရန်၊အကျိုးရှိစေရန်ရည်ရွယ်ပြီးInformation သီတင်းအချက်အလက်များ၊နည်းပညာများ၊တေးသီချင်းများ၊ဟာသများ၊ဓာက်ပုံများစသည့်အီးမေးများကို
အလျှင်းသင့်လျှင်သင့်သလိုပို့ပေးနေပါသည်။
ကျွန်တော်၏မေးများကိုသူငယ်ချင်းများ၏သူငယ်ချင်းများထံသို့လည်းလက်ဆင့်ကမ်းပေးပါ။
အာဒမ်၏ပန်းသီးလေးမှကျေးဇူးတင်ပါသည်။
ကျွန်မ မေလ်းထဲကိုရောက်လာခဲ့တဲ့ သည်စာလေးကို နှစ်သက်လို့ ပြန်တင်ပြလိုက်ခြင်းပါ။
ခွဲခြားပုံ
"ရှင်ဘာလုပ်နေတာလဲ" ဟု မိန်းမကမေးသောအခါ
ယေကျာင်္းက "ယင်ကောင်အမဲလိုက်ထွက်နေတာ"ဟုအဖြေပေးသည်။
"တော်တော်များများ သတ်လိုက်ပြီလား" ဟုမိန်းမက ဆက်မေးသည်။
"အေး၊ အမ၂ကောင်၊ အထီး၃ကောင် ဆော်ထည့်လိုက်ပြီ" ဟုယောကျာင်္းကပြောရာ
"ရှင်က ယင်ကောင်ကိုအထီး အမ ဘယ်လိုသိသလဲ "ဟုမိန်းမက ပြန်မေးလေ၏ ။
ထိုအခါ ယောကျာင်္းက "သိတာပေါ့ဟ၊ ဘီယာဗူးပေါ်က ၃ကောင်ကအထီး၊ ဖုန်းပေါ်မှာ ကြာကြာနားနေတဲ့ ၂ကောင်က အမပေါ့" ဟုအဖြေပေးလေသည်။
သည်ဟာသလေးကို 7 day news journal မှ ကူးယူတင်ပြပါသည်။
`အသိ`
Barbecue နေ့ ပေါ့
လွမ်းတဲ့ ဒီဇင်ဘာ

ရောက်သွားခဲ့ တဲ့ဆိုင်လေး
သို့ပေမယ့်လည်း ဒီဇင်ဘာလဖြစ်တဲ့ သည်လမှာ ထိုင်ဝမ်က အမ ပြန်ရောက်လာတာရယ်၊ လွန်ခဲ့တဲ့ ၇နှစ် လောက်ကအမေရိကကို ထွက်သွားတဲ့ အမ တစ်ယောက်နဲ့ သူ့သမီးလေး ပြန်လာတာရယ် က ကျွန်မအဖို့ ၀မ်းသာစရာ ဖြစ်လာပါတယ်။ သူ့သမီးလေးဆိုရင် ကျွန်မတို့ လက်ထဲမှာပဲ ကြီးပြင်းခဲ့တာပါ။ သူတို့သားအမိနဲ့တော့ တစ်ခေါက် သာတွေ့ ပြီးပေမယ့်၊ ထိုင်ဝမ်က အမနဲ့တော့ နေ့ တိုင်းလိုလို ပဲ အတူသွား၊ အတူစားပေါ့။ ညတိုင်းလည်း တစ်မျိုးပြီး တစ်မျိုး အပြင်ထွက်စားကြတယ်။ အမလာမှပဲ ကျွန်မလည်း အိမ်ထဲမှာ အိမ်တွင်းပုန်း လုပ်နေလို့ မရတော့တာလေ။
့ဒီနေ့လည်း ဘယ်သွားရမယ်မှန်း မသိတာကြောင့် စဉ်းစားမရဖြစ်နေတုန်း၊ MRTV-4 ထဲမှာ ကြော်ငြာတဲ့ ဆိုင်လေးတစ်ဆိုင်ကို အမေက ညွှန်ပါတယ်။ 24 hours လည်းဖွင့်တယ်ပေါ့။ အစားမျိုးစုံလည်း ရတယ်တဲ့ ။ ဒါနဲ့ အဲဒီနေရာကိုပဲ ဦးတည်ဖြစ်တယ်။ သမတရုပ်ရှင်ရုံ အနီး ၊ သမတဟိုတယ် နဲ့ ကပ်လျှက်ဖွင့်ထားတဲ့  365 ဆိုတဲ့ ဆိုင်လေးပါ။ ဆိုင်လေး က အပြင် အဆင်လေး လည်း ကောင်းပါတယ်။ ထိုင်ခုံတစ်ချို့ ကလည်း တော်တော် ခန်းနား တယ်။ ချစ်စရာကောင်းပြီး ထိုင်လို့ ကောင်းသလို၊ အစားသောက် ကလည်း အတော် စားလို။ ဈေးနည်းနည်းလေးများတယ် ဆိုပေမယ့်အစားကောင်းတော့လည်း တန်တယ်လို့ ဆိုရမှာပေါ့။ ကျွန်မတို့ စားချင်ကြတဲ့  ကိုးရီးယား ကင်ချီထမင်း၊ ဂျပန် ရေညှိ ထမင်းလိပ်(ဆူရှီ) နဲ့ တရုပ်ဟင်းမျိုးစုံ လည်းရတယ်ဆိုတော့ ကိုယ်စားချင် တာတွေကိုမှာ စားနိုင်တယ်လေ။ နောက်ပြီး coffee ၊ cold drink မျိုးစုံလည်း ရပါတယ်။ ဆိုင်ကိုကြော်ငြာပေးသလိုများ ဖြစ်နေပြီလားမသိဘူး။း)း) ကြော်ငြာခရလို့ မဟုတ်ပါဘူး။ ချစ်စရာကောင်းပြီး အေးအေးဆေးဆေး ထိုင်လို့ ကောင်းတဲ့ နေရာလေးမို့ ပါ။
တစ်နှစ်ပြည့်တဲ့ ဒီဇင်ဘာမွေးနေ့ 

ဒီအရုပ်က ကိုးရီးယား နိုင်ငံ ကလေ။ ကြွားတယ်လို့ မထင်ပါနဲ့ ၊ အမှတ်မထင်ဖြစ်လာတဲ့ သူ့ အကြောင်းလေးကိုပြောချင်လို့ ပါ။ ကိုးရီးယားမှာ ကျွန်မရဲ့ ပထမ ဆုံး online သူငယ်ချင်းရှိတယ်လို့ ကျွန်မရေးဖူးပါတယ်။ အဲဒီတုန်းက ကျွန်မ သူငယ်ချင်းက သူနေတဲ့ apartment မှာ ကွန်ပျူတာရှိတော့အမြဲတမ်းလို သူအလုပ်ဆင်းတဲ့ အချိန်၊ အားလပ်တဲ့အချိန် နဲ့ နေ့ ရက်တွေမှာ online ဖွင့်ထားလေ့ရှိတယ်။ ကျွန်မလည်း နေ့ တိုင်းလို သူနဲ့ chattingပေါ့။ (ချွင်းချက်။ ။အခြားသူ နဲ့  သူ chatting မလုပ်ရင်ပေါ့) :)
တစ်နေ့  သူ့ ရဲ့ အလုပ်ပိတ်ရက်မှာ ကျွန်မ သူ့ ကိုonline မှာတွေ့ လို့ လှမ်းနုတ်ဆက်လိုက် ပါတယ်။
ည ကျတော့ သူနဲ့ ကျွန်မ online မှာဆုံကြပါတယ်။ သူ ကအရုပ်ဝယ်လာတဲ့ အကြောင်း ကင်မရာကနေပြမယ်ပေါ့။ ဒါနဲ့ vzo line ကကင်မရာ ကိုဖွင့်လိုက်ပါတယ်။ တကယ်ပဲ ဒီအရုပ်ကလေးကိုမြင်တွေ့ ရလို့ ဝမ်းလည်းသာမိပါတယ်။ သူ့ ကိုလည်း ပိုပြီး ယုံကြည်လာမိ တာပါပဲ။ သူဟာ အပြောနဲ့ အလုပ်ကို ထပ်တူကျတာကြောင့်ပါ။ ကျွန်မ ညီမကလည်း တအံ့တသြပါပဲ။ ဒါနဲ့ အရုပ်ကိုသိမ်းထားဖို့ ပြောမိပါတယ်။ သူ ကတော့ ကျွန်မကိုပို့ ပေးဖို့ လိပ်စာမေးပါတယ်။ သို့ ပေမယ့် သူ ပိုက်ဆံထပ်ကုန်မှာကျွန်မ မလိုလားပါဘူး။
ခရစ်စမတ်မတိုင်မီ ရက်များမှာတော့ ခရစ်စမတ်လက်ဆောင်အဖြစ် အရုပ်ကို ပို့ ပေးမယ်လို့ ဆိုပါတယ်။ ဒီအရုပ်ကြောင့် သူဘာပြဿနာ ဖြစ်တယ်တော့ ကျွန်မလည်းအသေအချာ မသိဘူး။ ကျွန်မ သူနဲ့ online မှာတွေ့ ပြီး မကြာခင်မှာပဲ ဗိုက်အောင့် လို့ ဆေးရုံကိုရောက်သွား ခဲ့ပါတယ်။ သူက ပါဆယ်ထုတ်ကို ရွေးဖို့ ဖုန်းဆက်မယ့် အကြောင်းကိုကျွန်မကိုပြောထား ပြီးသားလေ။ ပါဆယ်ထုတ်ရောက်တဲ့နေ့ ကခရစ်စမတ် အကြိုနေ့ ၊ သို့ ပေမယ့် ကျွန်မညီမကသွားယူပေးထားပြီး၊ နောက်တစ်နေ့ (ခရစ်စမတ်နေ့ )ဆေးရုံတက် နေတဲ့ ကျွန်မဆီ လာတဲ့ အခါမှသာ ယူလာခဲ့ပါတယ်။
သူ့ ရဲ့အရုပ်ကလေး က လူချစ်လူခင်တကယ်ပေါတယ်ရှင့်။ ဆေးရုံက ကလေးတွေ တင်မကပါဘူး၊ နာစ့်များနဲ့  ဆရာဝန်များ ကလည်းမကိုင်ရမနေနိုင်အောင်ဖြစ်ကာ အရုပ်ကလေးကို လာရောက်ကိုင်တွယ် ကြည့်ရှုကြပါတယ်။ ကျွန်မရဲ့ နစ့်ကောင်မလေး ဆိုရင်လည်း တစ်ချိန်လုံးချီထားလို့  ကျွန်မကကို ကိုင်တွယ်ရတယ်မရှိပါဘူး။ အဲဒီနောက် အရုပ်ကလေးက ကျွန်မ ကုတင်ပေါ်မှာနေရာယူပါတယ်။
ခုဆိုရင် ဒီအရုပ်ကလေး ကျွန်မလက်ထဲံရောက်ရှိလာတာ တစ်နှစ်ပြည့်ပြီပေါ့။
အနမ်း
ဘုရားလေးငယ်ငယ် ထူးခြားတယ်
သည်ဘုရားပင့်ရခြင်း အကြောင်းစတင်ပြောရရင်၊ ကျွန်မ ညီမအကြောင်း စပြောရမှာပဲ၊ သူနဲ့ ကျွန်မက အထက်အောက် ညီမပေါ့။ သူ က လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်(လပေါင်း၂၀) လောက်က အနောက်နိုင်ငံ တစ်နိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။
ပထမတော့ အစ်မ၀မ်းကွဲကခေါ်တာဆိုတော့ အစ်မအိမ်မှာအတူနေတယ်ပေါ့။ နောက်ပိုင်း သူဖာသာကြိုးစား အလုပ်လုပ်ချင်တာကတစ်ကြောင်း၊ အမနဲ့ အဆင်မပြေတော့တာက တစ်ကြောင်းကြောင့်၊ သူတစ်ယောက် တည်း နေထိုင်နိုင်အောင် လုပ်ကိုင်ရပါတယ်။
သူရောက်တဲ့နိုင်ငံက မြန်မာလူမျိုးလည်း အင်မတန်နည်းပါတယ်။ အသိမိတ်ဆွေဆိုလို့ သူ့မှာ ရင်းရင်း နှီးနှီးနဲ့ ကူညီမယ့်သူ တစ်ယောက်မှမရှိတဲ့အချိန်၊ သူ့အတွက် တော်တော်လေး ဒုက္ခရောက်ခဲ့တယ် လို့ဆိုနိုင်ပါတယ်။ အမ ၀မ်းကွဲပေးတဲ့မုန့်ဖိုး ပိုက်ဆံလေးနဲ့ ဟိုယောင် ယောင် ဒီယောင်ယောင်ဖြစ်နေခဲ့ပြီး၊ အဲဒီနိုင်ငံရဲ့ ဘာသာစကားကလည်း ကျွမ်းကျွမ်းကျင်ကျင် မတတ်တာကြောင့် ဒုက္ခများစွာကိုကြုံနေခဲ့ရပါတယ်။ ကျွန်မတို့ကလည်း အဝေးကနေရတာကြောင့် ဘာကိုမှ အသေအချာမကူညီနိုင်ခဲ့ပါဘူး။ တတ်နိုင်သလောက်တော့ ကိုယ်သိရာ၊ ခင်ရာသူတွေ ဆက်ပေးခဲ့တယ်ဆိုပေမယ့်၊ သူရောက်နေတဲ့နိုင်ငံမှာက အသိမိတ်ဆွေ မရှိကြ ပါဘူး။
ဘုရားရဲ့ ရာဇ၀င်ကိုပြောရမယ်ဆိုရင်တော့ ၁၉၆၅ ခု ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တရုတ် နိုင်ငံနယ်စပ်တစ်နေရာမှာ အစိုးရတပ်နဲ့ သောင်းကျန်းသူတို့ တိုက်ပွဲဖြစ်လေရာ ပေ၅၀၀၀ ခန့် မြင့်သောတောင်ကုန်း တစ်ကုန်းကို တပ်မတော်ကသိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။ ထိုတောင် ကုန်းပေါ်မှာ အရိယာသူတော်စင်များသီတင်းသုံးနေသော တောကျောင်းကလေး တစ်ကျောင်းကို တွေ့ရပါတယ်။ တိုက်ပွဲအပြီး တပ်မတော်သားများ ကျောင်းပေါ်သို့ တက်ရောက်ခဲ့ရာ ကျောင်းပေါ်မှာ လူတစ်ဦး တစ်ယောက်မှ မတွေ့ရပဲ၊ ဗုဒ္ဓရုပ်ပွားတော်များနဲ့ အငွေ့ တစ်ထောင်း ထောင်း ထနေသော ကောက်ညှင်းပေါင်းတစ်ပန်းကန် ကိုသာထူးဆန်းစွာတွေ့ ရတယ်လို့သိရ ပြန်ပါတယ်။
အောင်ပွဲရတပ်မတော်သားများက ထိုကျောင်းဘေးတွင်၃ ညတာစခန်းချကြပါတယ်။ ပထမရက်မှာ ရှမ်းလိုလို၊ ကချင်လိုလို အနက်ရောင်ဝတ်ဆင်ထားသော အမျိုးသမီး၆ဦး ကျောင်းပေါ်သို့တက်၍ ဘုရားပန်းလဲခြင်း၊ ဘုရားဝတ်ပြုခြင်းတို့ကို တပ်ကြပ်ကြီး ဆရာ တင်မြင့်က တွေ့ ရှိလိုက်ပါတယ်။ ထို့နောက် ၄င်းအမျိုးသမီးများနောက်သို့ နောက်ယောင်ခံ လိုက်ကြည့်ရာ တောတန်းအလွန်၌ အားလုံးပျောက်ကွယ်သွားပါတယ်။ ထိုညမှာပဲ ဆရာ တင်မြင့်အား ဗုဒ္ဓရုပ်ပွားတော်အား ပင့်ဆောင်ရန် အိမ်မက်ပေးခဲ့ပါတယ်။
ဒုတိယနေ့နံနက်မှာ အိမ်မက်အကြောင်း အရာရှိအားပြောပြပေမယ့်၊ အရာရှိက ကျောင်းပေါ် ကဘုရားများကို မယူဆောင်ရန် အမိန့်ရှိပါတယ်။ ဆရာတင်မြင့်ကိုယ်တိုင်ကလည်း များပြား သော ဘုရားများမှ မည်သည့် ဘုရားကိုပင့်ဆောင်ရမည် မသိဖြစ်နေပါတယ်။ ထိုညမှာတော့ ပင့်ဆောင်သွားရမည့်ဘုရားမှာ ရွှေရောင်တစ်ဝင်းဝင်းနှင့် ပုတီးတစ်ကုန်းချိတ်ထားသော ကျောင်းတိုင်တစ်လုံးအတွင်း၌ ကိန်းဝပ်စံပယ်နေသည့် ဘုရားဖြစ်ကြောင်း အိမ်မက် ဆက်၍ ပေးပါတယ်။
တပ်ကြပ်ကြီးတင်မြင့်က ဘုရားကိုပင့်ဆောင်လာပြီး မိဘများထံကိုးကွယ်စေရာ၊ မိမိအိမ်သို့ ပင့်ဆောင်ကိုးကွယ်ပါဟု အိမ်မက်ပေးပြန်ပါတယ်။ အိမ်သို့ ပင့်ဆောင်ပူဇော်စဉ် ဆရာတစ်ဦးမှ မိမိအား ကိုးကွယ်ခွင့်ပြုပါဟုဆိုသဖြင့် ယာယီပူဇော်ခွင့်ပြုကာ၊ ၇ရက်အကြာမှာ ဘုရားအား မူလဒကာသို့ ပြန်လည်ပို့ဆောင်ရန်၊ တစ်ဦးတစ်ယောက်တည်းကိုးကွယ်ရန်မဟုတ်၊ ၇ရက် သားသမီး များကိုးကွယ်ရန် အိမ်မက်ပေးသဖြင့် ပြန်လည်ပို့ဆောင်ရပြန်ပါတယ်။ ထို့ကြောင့် မူလဒကာ တပ်ကြပ်ကြီးဦးတင်မြင့်အိမ်မှာပဲ ယာယီကိန်းဝပ် စံပယ်၍ ၇ရက်သားသမီး အိမ်များ သို့ ဒေသစာရီကြွချီလျှက်ရှိပါတယ်။ သို့ပေမယ့် ယခုတော့ တပ်ကြပ်ကြီး ဦးတင်မြင့်ဆိုသူမှာ ရဟန်းဘ၀သို့ ကူးပြောင်းရောက်ရှိနေပြီဖြစ်ပြီး၊ သထုံမြို့ ( ) တောင်ပေါ် မှာပဲသီတင်းသုံးကာ၊ နေထိုင်ပါတော့တယ်။ ဗုဒ္ဓရုပ်ပွားတော်ကိုကား ယုံကြည်ရသူ ဒကာမ တစ်ဦးထံအပ်နှံကာ ၇ရက်သားသမီးများကို လှည့်လည် အပူဇော်ခံစေပါတယ်။
တစ်နေ့ သုံးကြိမ် ရွတ်ဆိုပွားများရပါတယ်။ မနက်အိပ်ယာထ တစ်ကြိမ်၊ နေ့လည် မွန်းတည့်ချိန်
ဒီလိုနဲ့ တစ်လကနေတစ်လ အင်တာဗျူးတွေဖြေဆိုကာ နောက်ဆုံးအဆင့်အထိ အောင်မြင်မှု ရသွားခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားမှုလည်းပါပါတယ်။ ကိုယ်တစ်ယောက်တည်း ဓိဌာန်လို့ ရတယ် မဆိုလိုပါဘူး။ သို့ ပေမယ့် ထူးခြားတာတော့ ထူးခြားပါတယ်။ အဲဒီနောက် ဗုဒ္ဓရုပ်ပွားတော်ကို ဆုတောင်းပြီး လျှောက်ထားကာ ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ဓါတ်ပုံကလည်းထူးခြားပါတယ်။ သုံးပုံ ရိုက်တာမှာ တစ်ပုံကိုတစ်မျိုးစီ ထူးခြားစွာမြင်တွေ့ရပါတယ်။ တစ်ပုံက ညာဖက် မျက်လုံးတော် ပွင့်ခြင်း၊ ဒုတိယပုံက ရောင်ခြည်တော်ကွန့် မြူးခြင်းနဲ့ တတိယပုံတော်ကတော့ ရုပ်ပွားတော်ရဲ့ ရင်ဘတ်တော်မှာ ၀တ်ဖြူစင်ပုဂ္ဂိုလ် တည်ရှိနေခြင်းတို့ပါပဲ။ ကျွန်မ ညီမကိုရည်စူးတာကြောင့်၊ သူ့ ရဲ့မွေးနေ့ ဒီဇင်ဘာ၁၀ ရက်နေ့ ကိုပဲရွေးချယ်ကာ ပင့်ဆောင်ပူဇော် လိုက်ပါတယ်။
လေးကျွန်းတစ်မြင့်မိုရ်စကြာင်္ရှင်ရုပ်ပွားတော်ရဲ့ အံ့ဖွယ်ကိုးပါးရှိပါတယ်။
(၁) ရုပ်ပွားတော်သည် မျက်လွှာချ၍လည်းကောင်း၊ မျက်လုံးတော်ဖွင့်၍လည်းကောင်း၊
ပြုံး၍လည်းကောင်းအကြည်ညိုခံကာ တစ်ခါတစ်ရံ ရယ်၍အပူဇော် ခံခြင်း
(၂) ရုပ်ပွားတော်အား အာရုံပြုနေသူများသည် တစ်ခါတစ်ရံ တစ်ဆူမှနှစ်ဆူ၊ နှစ်ဆူမှ သုံးဆူပွား၍ ဖူးတွေ့ ရခြင်း(၃) ဓါတ်ပုံရိုက်မှတ်တမ်းတင်ရာတွင် ရိုက်ကူးသူ၏ယုံကြည်မှုအပေါ် ပုံမထင်ရှားခြင်း၊ မျက်နှာတော်မပေါ်ခြင်း၊ ထူးခြားသော ဓိဌာန်သူများအတွက် အံ့သြထူး ခြားသောပုံတော်များရခြင်း
(၄) ရုပ်ပွားတော်၏ယာဖက်လက်သန်းတော်၊ နှာဖျားတော်၊ ဦးခေါင်းတော်တို့ အား၊ ရွှေသင်္ကန်းကပ်လှူ၍မရခြင်း
(၅) မသန့် ပြန့် သော အတိုက်အခိုက်ရှိသောအိမ်များသို့ ပင့်ဆောင်ပါက ရုပ်ပွားတော်မြတ်လည်သွားခြင်း၊ ကျောခိုင်းတတ်ခြင်း
(၆) ရောင်ခြည်တော်ကွန့် မြူးခြင်း၊ ကိုယ်လုံးတော်ဝယ် နီသော၊ ၀ါသော၊ စိမ်းသောရောင်ခြည်များ ဖူးတွေ့ ရခြင်း
(၇) သောက်တော်ရေ နှင့် အချိုရည်များကပ်လှူရာတွင် ဆူပွက်လာခြင်း။ ချိုးရေတော်ကို ဓိဌာန်ပြုကာသောက်သုံးပါက ရောဂါမျိုးစုံပျောက်ကင်းခြင်း
(၈) ရုပ်ပွားတော်အား ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များလာရောက်ဖူးမြှော်ခြင်း
(၉) ရုပ်ပွားတော်အား ဓိဌာန်ပြု ဆုတောင်းလုပ်ကိုင်ကြသော လောကီကိစ္စအများစု ပြည့်ဝခြင်း တို့ ဖြစ်ပါတယ်။
ဗုဒ္ဓရုပ်ပွားတော်အား ယုံကြည်စွာကိုးကွယ်သူ တို့ အား အထက်ပါအံ့ဖွယ်ကိုးပါး မှတစ်ပါးပါး ကိုတော့ ထူးထူးခြားခြား မြင်တွေ့ နိုင်မှာဖြစ်ပါတယ်။
ဒါကတော့၊ ထိုဘုရားရဲ့ ဆောင်ပုဒ်လေးပါ။
ဘုရားလေးငယ်ငယ်
ဆုတောင်းပြည့်တယ်
ငယ်သာငယ် ကယ်ဆယ်မယ့်ဘုရား
ကပ်ကျော် လာဘ်ခေါ်ထူးတာမို့ 
အဓိဌာန် စိတ်အကြံဦးရအောင်
ဖူးကြအများ။
မှတ်ချက်။ ။ ဗုဒ္ဓရုပ်ပွားတော်များကိုလည်း သက်တော်ထင်ရှားမြတ်စွာဘုရားကဲ့သို့ ဖူးမြော်ပြီး မိမိတို့လုပ်အပ်သည့် ကိစ္စတို့ကို လည်း လုပ်ကိုင်မှသာ အကျိုးသက်ရောက်မှုရှိမှာပါ။
အမှတ်တရများရဲ့ ဒီဇင်ဘာလ

ခုဆိုရင် ဒီဇင်ဘာလထဲကိုဝင်ရောက်
ကျွန်မက အအေးကြိုက်တယ်၊ ဆီးနှင်းတွေကျနေတာကိုလည်းသဘောကျတယ်။
သို့ ပေမယ့်လည်း ကျွန်မတို့ မြို့ ကဆီးနှင်းကျတဲ့မြို့  မဟုတ်ဘူးလေ။ အေးတာလောက်ပဲသိတယ်၊ ခိုက်ခိုက်တုန်အောင်ချမ်းတာမျိုး မဟုတ်ဘူး။
အဲ..တောင်ပေါ်ဒေသတွေမှာတော့ ဆီးနှင်းကျတာပေါ့နော်၊
ကျွန်မ ညီမတောင်ကြီးမီးပုံးပျံပွဲတုန်းကတောင် ဆီးနှင်းကျပြီး ခိုက်ခိုက်တုန်အောင်ချမ်းတယ်
ကိုးရီးယားကားတွေထဲက ဆောင်းတွင်းကာလတွေမှာဆိုရင်လည်း ဆီးနှင်းတွေ တဖွဲဖွဲရွာနေတာကိုကြည့်ရင်း အားကျခဲ့မိတယ်။ ကိုးရီးယားက ကျွန်မသူငယ်ချင်းတွေ ဆိုရင် အေးလွန်းလို့အပူပေးစက်တွေဖွင့်ရတဲ့အကြောင်း အမြဲပြောပါတယ်။ အနောက်နိုင်ငံတွေမှာလည်း ခုချိန်ဆိုရင် အတော်ကိုအေးခဲနေတဲ့အခြေအနေတွေဆိုတာ လက်တွေ့ မဟုတ်ပေမယ့် သိနေခဲ့ပါတယ်။
ဒီနေ့ တောင်ကျွန်မ ညီမနဲ့ ဖုန်းဆက်စကားပြောရင်း၊ နှင်းစကျတဲ့နေ့ ဆိုပြီး ကျွန်မတို့ 
ကိုပြဖို့ ဓါတ်ပုံရိုက်နေတယ်တဲ့ လေ။ အေးလွန်းလို့ ထင်ပါရဲ့ အသံတွေကတော့တုန်လို့ ပါပဲ။
ကျွန်မနဲ့ သိတဲ့မောင်လေးတစ်ယောက်ကတော့ သူ့ ဓါတ်ပုံကိုပြကာသည်လိုပဲလူကိုအထပ်ထပ် ကောက်ညှင်းထုပ်ထုပ်သလိုထုပ်ပြီး အပြင်ထွက်ရတာအမရဲ့ လို့ ဆိုပါတယ်။
ကျွန်မတို့ ဆီမှာတော့၊ ဒီဇင်ဘာလမှာ ခရီးအတော်သွားကြပါတယ်။ အထူးသဖြင့် ကျိုက်ထီးရိုးဘုရားဖူး ခရီးပေါ့။ ကျိုက်ထီးရိုးတောင်ပေါ်မှာတော့ တော်တော်အေးတယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် အအေးလွန်ကဲတာမျိုးတော့မဟုတ်ပါဘူး။ ကျိုက်ထီးရိုးဘုရားဖူး က ခုဆိုရင်ကားလမ်းဖောက်လို့ ကားနဲ့ တက်နေကြပါပြီ။ တောင်တက်မတ်စောက်တဲ့အတွက် အန္တရာယ်ကြီးတယ်လို့ ဆိုပေမယ့်လည်း ဘုရားတန်ခိုးနဲ့ တက်နေကြရတာပါပဲ။ ဒါပေမယ့်ကျွန်မကတော့ ကားလမ်းနဲ့ က ခုထိမရောက်ဖူးသေးပါဘူး။ :) သွားချင်ပေမယ့်လည်းလေ...
ဒီဇင်ဘာလဟာ ခရီးသွားလို့ ကောင်းတဲ့ အချိန်ဖြစ်တာကြောင့် ခရီးသွားကြသူတွေတော်တော်များပါတယ်။ ပြည်တွင်းသာမက ပြည်ပခရီးစဉ်များကိုပါသွားရောက်လည်ပတ်ကြတာမို့  လေယဉ်လက်မှတ်၊ ရထားလက်မှတ်၊ ကားလက်မှတ်များလည်း ခက်ခဲတတ်ပါတယ်။ ကျွန်မ ကတော့ခရီးသွားရတာကို
ဝါသနာပါပေမယ့်၊ အခြေအနေကြောင့် ဝေးဝေး လံလံ ကိုမသွားနိုင်သေးပါဘူး။
သူများတကာတွေ သွားတာကိုတော့ အားကျပါရဲ့ ။ သို့ ပေမယ့်လည်းလေ....
ဒီဇင်ဘာလမှာ ခရစ်စမတ်ပွဲတော်လည်း ရှိတယ်ဆိုတော့ အနောက်နိုင်ငံတွေမှာတော့ အတော်ပျော်ဖို့ ကောင်းမှာပဲနော်။ အနောက်နိုင်ငံ မပြောပါနဲ့ လေ အခြားနိုင်ငံတွေမှာလည်း ခရစ်စမတ်ပွဲတော်တွေလုပ်ကြတာပါပဲ။ ကျွန်မတို့ ဆီမှာတောင် ရှိသေးတာပဲ ခရစ်စမတ်ဈေးရောင်းပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေလေ။ ကျွန်မတို့ လည်း ဘာမဆိုင်ညာမဆိုင်နဲ့ 
ဝင်ပျော်ခဲ့သေးတာပဲ။ ငယ်ငယ်တုန်းကပြောတာပါ :P
ဒီဇင်ဘာလမှာ ကျွန်မ သူငယ်ချင်း သုံးလေးဦးနဲ့ ကျွန်မ ညီမရဲ့ မွေးနေ့ ပွဲလေးတွေ
လည်းရှိပါတယ်။ နောက်ပြီး ဒီဇင်ဘာရဲ့  နောက်ဆုံးနေ့ ဟာနောက်နှစ် ကူးပြောင်းတော့မယ့်
ဒီနှစ်ရဲ့ နောက်ဆုံးနေ့ လေးအဖြစ် ရင်ထဲမှာ ၀မ်းနည်းမှုလေးနဲ့ အတူ ရောက်လာမယ့်
နှစ်သစ်လေးကိုကြိုဆို မိတဲ့ပျော်ရွှင်မှုလေးတွေ ရောယှက်လို့ နေပါတယ်။
ဒီဇင်ဘာ၃၁ မှာ နှစ်သစ်ကိုကြိုဆိုကြတဲ့ ကျွန်မတို့ သူငယ်ချင်းတစ်တွေရဲ့  ဟိုးလွန်ခဲ့တဲ့နှစ်များက ပါတီပွဲလေးတွေကိုလည်းသတိရမိပါသေးတယ်။
အသားတွေကင်စားကြ၊ သီချင်းတွေဆိုကြ၊ ကကြ နဲ့ ပေါ့။ နောက်ပြီး ကစားနည်းအမျိုးမျိုးကစားကြကာ၊ မဲနှိုက်လျှက် အတွဲလိုက် ကြော်ငြာတွေကို သရုပ်ဆောင်လုပ်ကြနဲ့ ပေါ့။ ပျော်ဖို့ လည်းကောင်းပါတယ်။ ပျော်ခဲ့တာလေးကိုပြန်တမ်းတနေတာလေ၊ ခုတော့....
ခုတော့ ကျွန်မတို့ သူငယ်ချင်းတစ်တွေ ဆုံနိုင်ဖို့ ခဲယဉ်းသွားပါတယ်။ အိမ်ထောင်ကျတဲ့သူနဲ့  ၊အဝေး တစ်နေရာစီ ရောက်နေကြတဲ့သူနဲ့  မို့ အားလုံးဆုံနိုင်ဖို့ ရာ မလွယ်ကူတော့ပါဘူး။
သို့ ပေမယ့် ဘာရယ်မဟုတ်ပါဘူး ၊ ဒီဇင်ဘာ ၃၁ရက်နေ့ မှာ အမေနဲ့ အတူ အမြဲ အိမ်မှာရှိနေတဲ့ ကျွန်မ ကတော့တစ်ခုခုတော့ လုပ်စားကြတယ်။ အပြင်ထွက်မစားနိုင်လို့ ပါ :D
ဒီဇင်ဘာလ ကို ကျွန်မရဲ့ အနှစ်သက်ဆုံးလတစ်လ လို့ ပြောရမှာပဲ။ ငယ်ငယ် တုန်းကလည်း ကိုယ့်အကြိုက်ဆုံးရာသီ ၊ ကိုယ် အနှစ်သက်ဆုံး လကိုစာစီစာကုံးရေး ရရင်လည်း ဒီဇင်ဘာလအကြောင်းကိုပဲရေးဖြစ်တာပါ။
ခုတော့ ဒီဇင်ဘာအကြောင်းပြည့်ပြည့် စုံစုံတော့မရေးနိုင်လို့ အတိုချုံးလေးပဲရေးလိုက်ရတာပါ။
ဒီဇင်ဘာရဲ့ အမှတ်တရအဖြစ် ကျွန်မအနှစ်သက်ဆုံး သီချင်းလေးတစ်ပုဒ်ကိုပါတင်ပြမိပါတယ်။
လာရောက်လည်ပတ်ကြသူအားလုံးလည်း ဒီဇင်ဘာဆောင်းရဲ့ အေးချမ်းမှုနဲ့ အတူ အေးချမ်းကြပါစေလို့ ဆန္ဒပြုရင်း.............။
အနမ်း




