အကောင်းဆုံး အကျင့်စာရိတ္တသည်အောင်မြင်မှု ကိုရရှိစေနိုင်သည်။
အောင်မြင်မှုရရှိရေးကို အကြီးဆုံးနှောင့်နှေးစေသောအရာမှာ `မှားယွင်းသည့် တရားသေအယူအဆ ထားရှိခြင်း`ပင်ဖြစ်သည်။
အသိပညာနှင့်ယှဉ်သောကြိုးစားအားထုတ်ခြင်းသည်သာလျှင် မြတ်၏၊ အပြစ်ကင်း၏ ။
မိမိကိုယ်မိမိ ချစ်ခြင်းဆိုသည်မှာ.. မိမိကိုယ်မိမိ တန်ဖိုးရှိသောသူဟူ၍ လက်ခံခြင်းပင်ဖြစ်သည်။
လက်ခံခြင်းဆိုသည်မှာ အပြစ်မတင်ခြင်းဖြစ်၏ ။
ပျော်ရွှင်ခြင်းဆိုသည်မှာ... မိမိတို့ ဘာမှမတတ်နိုင်သော အရာကိစ္စများအပေါ်တွင် အပြစ်တင်မှု
မပြုခြင်းဖြစ်လေသည်။
မသိသော ..???

တစ်ယောက်ကပြောတယ် အချစ်ဆိုတာ...
မီးတောက်ငယ်လေးတစ်ခုလို ပူလောင်တယ်တဲ့။
နောက်တစ်ယောက်က အချစ်ဆိုတာ...
ရှန်ပိန်တစ်ခွက်သောက်ရသလို ပူရှိန်းရှိန်းတဲ့။
နောက်ထပ်တစ်ယောက်ကတော့ အချစ်ဆိုတာ...
ပျားရည်အရသာလို ချိုမြမြလို့ ဆိုပြန်တယ်။
ဒါပေမယ့်၊ ငါထင်တာကတော့ အချစ်ဆိုတာ...
ဘာမှန်းမသိတဲ့ ရင်ထဲကခံစားချက် တစ်ခုပဲလို့ လေ။ ။
အနမ်း
ရင်နာမိသော အချစ်
စီစဉ်လိုက်တာကွက်တိ
တစ်ခါကရွာတစ်ရွာမှာ ဆရာနှင့်တပည့်၂ဦး၊ အိမ်တစ်အိမ်မှာအတူနေထိုင်ကြပြီး၊
တပည့်မှာဆရာ့စကားကိုမြေ၀ယ်မကျနားထောင်၍ ရိုးသားသူတစ်ဦးဖြစ်ပါတယ်။
တစ်နေ့ မှာဆရာကကိစ္စရှိလို့ -" တပည့်ရေ၊ ဆရာအပြင်သွားအုံးမယ် ထမင်းချက်ထားကွာ" လို့ မှာခဲ့ပါတယ်။
ဆရာအပြင်ကပြန်လာပြီး" တပည့်ရေ၊ ထမင်းစားကြရအောင်ခူးကွာ" လို့ ပြောလိုက်တော့၊ တပည့်ကလည်းခူးပြီးတာနဲ့ ဆရာက " ဟင်းကောကွာ" လို့မေးတယ်။
ထိုအခါတပည့်က" ဆရာကထမင်းပဲချက်ထားလို့ မှာတာကို" ဟုပြန်ဖြေတယ်။
ဆရာက အားမလိုအားမရနဲ့ " တပည့်ရာရိုးပါ့၊ ဆရာက 'တစ်' ဆိုရင်၊ တပည့်က 'နှစ်' 'သုံး' အထိစီစဉ်ထားရတယ်ကွ၊မှတ်ထားသိလား လို့ပြောပါတယ်။
အဲဒီလိုနဲ့ တစ်နေ့ မှာတော့ ဆရာဖျားနေလို့ တပည့်ကို" ဆေးဆရာသွားပင့်ခဲ့ကွာ" ပြောတော့၊ တပည့်လည်းအပြေးတစ်ပိုင်းနဲ့ အိမ်ကထွက်သွားတယ်။
ခဏကြာတပည့်ပြန်လာပြီး ဆရာက-"တပည့်ရေ၊ ဆေးဆရာပင့်ခဲ့ပြီလား" လို့ မေးတော့၊
တပည့်ဖြေလိုက်ပုံမှာ-" ဆရာကျွန်တော့်ကိုသွန်သင်တဲ့အတိုင်း၊ ဆေးဆရာလည်းပင့်ပြီ၊
နောက်ပြီးအခေါင်းနဲ့ ဘုန်းကြီးပါပင့်လာပါတယ်ခင်ဗျာ"
ထွန်းကျော်(ဇ၀နဉာဏ်၊ ဟာသဟန်) မှကူးယူရေးသားတင်ပြသည်။
ကျွန်မ Blog မှာဘုရားတရားအကြောင်းတွေချည်းဖတ်ရတာ၊ ငြီးငွေ့ တယ်တို့ ၊ မဖတ်ချင်ပါဘူး
တို့ ဆိုတဲ့သူတွေအတွက် ရီစရာဟာသတွေထည့်ထားပေးတာပါ။

ဥပက္ခာအချစ်
သမုဒယ၀တ်ရည်....
ဖြစ်တည်သောပန်း ရင်ထဲလန်းနေ
နမ်းနမ်း မနမ်းနမ်းပွင့်နေ၏
တွယ်တာခြင်းအမြစ်....
စူးဝင်နစ်လျှက် အချစ်သစ်ပင်
ခိုင်မြဲရှင်စေ
မြင်မြင် မမြင်မြင်နှောင်ဖွဲ့ ၏
စေတနာစိတ်....
ဝေဖြာအရိပ်ဖြစ် ချွေသိပ်ချမ်းမြ
ဘ၀အမော ပြယ်လျောကင်းစေ
ငြိမ်းအေးစေလို
စိုစို မစိုစို အုပ်ဆိုင်း၏
သတိရခြင်း`ငှက်`
သစ်ပင်ထက်မှာ
မနက်နေ့ ည၊ ကာလနှစ်ရှည်
ထာဝရဖြစ်တည်
အဝေးဆီမှတမ်းတလွမ်းမော
ကြေကွဲသောအသံ ခံစားယုံစေ
သူသိလေမလား၊ မယုံစားရဲ
ကြားကြား မကြားကြား တေးသီ၏။
ဖြစ်တည်သောပန်း ရင်ထဲလန်းနေ
နမ်းနမ်း မနမ်းနမ်းပွင့်နေ၏
တွယ်တာခြင်းအမြစ်....
စူးဝင်နစ်လျှက် အချစ်သစ်ပင်
ခိုင်မြဲရှင်စေ
မြင်မြင် မမြင်မြင်နှောင်ဖွဲ့ ၏
စေတနာစိတ်....
ဝေဖြာအရိပ်ဖြစ် ချွေသိပ်ချမ်းမြ
ဘ၀အမော ပြယ်လျောကင်းစေ
ငြိမ်းအေးစေလို
စိုစို မစိုစို အုပ်ဆိုင်း၏
သတိရခြင်း`ငှက်`
သစ်ပင်ထက်မှာ
မနက်နေ့ ည၊ ကာလနှစ်ရှည်
ထာဝရဖြစ်တည်
အဝေးဆီမှတမ်းတလွမ်းမော
ကြေကွဲသောအသံ ခံစားယုံစေ
သူသိလေမလား၊ မယုံစားရဲ
ကြားကြား မကြားကြား တေးသီ၏။
မြုံး
မေ့ဖြစ်အောင်လို့ 
မျက်တောင်ချင်းယှက်
အိပ်စက်မရဲ
အိမ်မက်ထဲထိ
နှိပ်စက်ရှိသူ....သူ
နေ့ ရက်၊ နာရီ
ရာသီကာလ၊ ထာဝရမတည်
ကြာလှပြီဖြစ်`ချစ်ခြင်း`ရဲ့ ဝေဒနာ
ဖြေသာပြေ၍ မေ့ပါရစေ....
သမုဒယ မြုံး
အနက်ဆုံးမို့ 
သက်လုံးနှောင်မိ
သတိတရများစွာ....
ကိုယ်ကြိုက်ခဲ့တဲ့ သူများကဗျာတွေပါ။
မျက်တောင်ချင်းယှက်
အိပ်စက်မရဲ
အိမ်မက်ထဲထိ
နှိပ်စက်ရှိသူ....သူ
နေ့ ရက်၊ နာရီ
ရာသီကာလ၊ ထာဝရမတည်
ကြာလှပြီဖြစ်`ချစ်ခြင်း`ရဲ့ ဝေဒနာ
ဖြေသာပြေ၍ မေ့ပါရစေ....
သမုဒယ မြုံး
အနက်ဆုံးမို့ 
သက်လုံးနှောင်မိ
သတိတရများစွာ....
ကိုယ်ကြိုက်ခဲ့တဲ့ သူများကဗျာတွေပါ။
ဒါသင်ခန်းစာတစ်ခုပဲ
တစ်နေ့  အဖျားအလွန်ကြီးနေသောလူနာတစ်ဦးအား၊ ဆရာဝန်ကဆေးကုသပေးပါသည်။
လူနာ- ဆရာ၊ ကျွန်တော်ဘာတွေစားရမယ်ဆိုတာညွှန်ကြားပေးပါ။
ဆရာဝန်- အဖျားကတက်လိုက်ကျလိုက်ဖြစ်နေတော့ အူရောင် ငန်းဖျားဖြစ်မှာစိုးရတယ်။
ထမင်းကအစ အဖတ်ဆိုရင်ဘာမှမစားပါနဲ့ ၊ နွားနို့ ၊ ကော်ဖီ အရည်ဆိုရင်အားလုံး
သောက်လို့ ရပါတယ်။
ပြောပြီးဆရာဝန်ကပြန်သွားတော့သည်။ နောက်တစ်နေ့ လူနာဆီရောက်တော့၊ လူနာအဖျား
တက်နေသဖြင့်-
ဆရာဝန်- အဖျားတက်နေပြန်ပြီလား၊ ဘာတွေစားလဲ၊ အဖတ်တွေစားတယ်ထင်တယ်။
လူနာ- ဘာမှမစားပါဘူးဆရာရယ် ။ ထန်းရည်ခါး ၁ဗူးပဲသောက်ထားတာပါ။
ဆရာဝန်- ဟာ၊ ဖျားနေတဲ့သူက ထန်းရည်ခါးသောက်ရသလား။
လူနာ- ဆရာက အရည်ဆိုရင်အားလုံးသောက်လို့ ရတယ်ဆို။
အောင်ခင်( တနသာင်္ရီ)

သားကြောဖြတ်တာမှားသွားပြီ
သားသမီးသုံးယောက်အနက် အငယ်ဆုံးသမီးကိုမွေးပြီးတော့
မိခင်ဖြစ်သူမှာ သားကြောဖြတ်လိုက်သည်။ ဖခင်အတွက်အဖော်
ရအောင်၊ သားယောကျာင်္လေးလိုချင်တဲ့မိခင်ရဲ့ ဆန္ဒမပြည့်ဝခဲ့ပါ။
ဆွေမျိုးမိတ်ဆွေတွေက အိမ်သို့ အလည်ရောက်တိုင်း သားမမွေး
သေးပဲ၊ သားကြောဖြတ်လိုက်တာကို မချိတင်ကဲပြောပြောနေကြ
တာကို မူလတန်းအရွယ်သမီးကြီးများက မကြာမကြာ ကြားနေကြ
စမြဲပင်။
တစ်နေ့ မှာသမီးအလတ်က သူ၏ယူဆချက်ကို မိခင်အား၊ ဖွင့်ဟ
ပြောဆိုလိုက်ပုံမှာ-
`အမေ၊ အမေတော့သားကြောဖြတ်တာမှားသွားပြီ။ တကယ်ဖြတ်
ရမှာက သမီးကြောဖြတ်ရမှာ` တဲ့။
ခင်မောင်စိုး (ပညာရေး)

ပညာရှိ
One is not wise
because one speaks much.
He who is peaceable,
friendly and fearless is called wise.
များစွာ စကားပြောကာမျှဖြင့် ပညာရှိမဖြစ်၊
သည်းညည်းခံတတ်၊ မုန်းသောရန်သူဟူ၍လည်း မထား။
အကြောက်လည်းမရှိသောသူကို ပညာရှိဟုခေါ်၏။
ဓမ္မပဒ

သင် ကံထူးသူလား ? ကံဆိုးသူလား ?
ကံထူးသူများ...........တရားအားထုတ်ခွင့်ရကြသည်။
ကံဆိုးသူများ...........တရားနှင့်လွဲကြသည်။
ကံအလွန်ဆိုးသူများ..တရားကိုရှောင်ကြသည်။
သင်လူ့ ပြည်မှထွက်ခွာဖို့ အချိန်နီးလာပြီ။
တရားမမေ့ပါနှင့်။
သင့်ဘ၀ လက်ကျန်အချိန်ကို အကျိုးရှိရှိအသုံးချပါ။
သင်သေရင် အားလုံးထားခဲ့ရမှာ...။
ဆရာတော်တစ်ပါးရဲ့ဆုံးမစာလေးလို့ ထင်ပါတယ်။ ဘယ်ဆရာတော်လည်းတော့အသေအချာမသိတော့ပါဘူး။
ကျွန်မကိုဓမ္မဒါနပြုသူကတော့၊ကျွန်မနဲ့ဆေးရုံမှာခင်မင်လာတဲ့ညီမလေးတစ်ယောက်ပဲဖြစ်ပါတယ်။
ကျွန်မလည်းပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။
သင်တို့ လည်း ကံထူးသူလား၊ ကံဆိုးသူလားဆိုတာ ခွဲခြားကြည့်နိုင်အောင်လို့ ပါ။

*ချိုမြိန်သောအရသာ... `အောင်မြင်ခြင်း`မှာရှိတတ်ပါတယ်။
ထိခိုက်သောဝေဒနာ... `ဆုံးရှုံးခြင်း`မှာရှိတတ်ပါတယ်။
ထာဝရ`အောင်မြင်နေခြင်း`ဟာ တစ်ကြိမ်တစ်ခါ` ဆုံးရှုံးခြင်း`ကို
ဖုံးလွှမ်းမေ့ပျောက်အောင် စွမ်းဆောင်နိုင်ခြင်းမရှိပါလေ။
*လူတစ်ယောက်ဟာ သူ့ ရင်ထဲမှာ
အကြင်နာနဲ့ နားလည်မှုတွေကို သိမ်းဆည်းပြီး
ခွဲခွာခြင်း ခရီးကို စ နေတယ်.. တဲ့။
*အိမ်မက်ပဲကွယ်...တကယ်ဆိုက
အိပ်မောကျသူ ဘ၀နံနက်...နေအထွက်မှာ
ခွဲရက်ချန်ရက်..ထားခဲ့ရက်မည်
သိလျှက်မေ့မှာစိုးပါသည်။
*အပျော်အိမ်မက်.. နံနက်ကနှင်း
နေ့ ခင်းလွင့်ပြယ်..တကယ်မဟုတ်
ဘယ်ဒုက္ခနဲ့ မတူတဲ့" အချစ် " သူနဲ့ တွေ့ မှကြုံဖူးပြီ။
*သွားမည်နုတ်ဆက် သက်လုံးမမေ့
တမြေ့ မြေ့ လေ ကြေကွဲရပြီ
သည်တစ်ခါတော့ ဝေးကြတော့မည်။
ကျွန်မငယ်ငယ်တုန်းကကြိုက်နှစ်သက်ပြီးမဂ္ဂဇင်းတွေထဲကကူးယူထားတဲ့ကဗျာတိုလေးတွေပါ။
ကဗျာလေးတွေက တိုတိုလေးပေမယ့် အဓိပ္ပါယ်ပေါ်လွင်တယ်လေ။ ခုခေတ်မော်ဒန်ကဗျာတွေလိုတော့မဟုတ်ဘူးပေါ့။
ဘယ်သူတွေရေးစပ်ထားတယ်ဆိုတာတော့ မမှတ်မိတော့လို့ 
အမည်မထည့်နိုင်ဘူးဖြစ်သွားတယ်။
တိုက်ဆိုင်မှုလေးတွေကြောင့်လည်း သည်ကဗျာလေးတွေဖော်ပြဖြစ်သွားတယ်။

စိတ်ချမ်းသာတာကိုလုပ်မှာလား ???
စိတ်ချမ်းသာချင်ရင်ကိုယ်တကယ်စိတ်ဝင်စားတာကိုလုပ်နေပါ တဲ့။
ဘာမှမလုပ်ပဲရေရှည်စိတ်ချမ်းသာအောင်နေဖို့မလွယ်ဘူး။
ဆရာတော်ဦးဇောတိကရဲ့ဆုံးမစာလေးပါ။
ကျွန်မလည်းစိတ်ချမ်းသာချင်တဲ့လူတစ်ယောက်မို့ဆရာတော်ပြောသလိုပဲ၊ ကျွန်မစိတ်ဝင်စားတဲ့ ၀ါသနာပါတဲ့ စာရေးခြင်းအလုပ်ကိုလုပ်ဖြစ်တာပါ။
စာရေးခြင်းဆိုတဲ့အလုပ်ကလည်းဝါသနာပါမှလုပ်နိုင်တာပါ။
ဘာလို့လဲဆိုတော့စာရေးလို့ဝမ်းတော့ဝမှာမဟုတ်လို့ပါပဲ။
တစ်ချို့ကဆို စာရေးတာကိုအလုပ်တစ်ခုအနေနဲ့တောင်မသတ်မှတ်ကြပါဘူး။ သူတို့အနေနဲ့ကစီးပွားရေးလုပ်ငန်းတစ်ရပ်ကိုလုပ်ကိုင်မှသာအလုပ်လုပ်တယ်လို့ထင်တတ်ကြတာပါ။
စာရေးတဲ့အလုပ်ကိုသိမ်ငယ်တယ်လို့ထင်မြင်ကြတယ်။
စာရေးခြင်းအလုပ်ကစီးပွားမဖြစ်ဘူးလို့လည်ဲးတွက်ဆကြတယ်လေ။
စီးပွားရေးမျက်လုံးနဲ့ကြည့်ရင်တော့၊စာရေးတဲ့အလုပ်ဟာငွေကြေးရမှုအလွန်တရာမှနည်းပါတယ်
ဆိုတာလူတိုင်းသိနေကြတာပဲ။ဒါပေမယ့်နာမည်ရသွားလို့စာအုပ်ထုတ်နိုင်တဲ့စာရေးဆရာ
တစ်ယောက်ဖြစ်ရင်တော့လည်းတစ်မျိုးပေါ့။
ကျွန်မကတော့ဝါသနာလည်းပါတယ်၊ အခြားလုပ်နိုင်တာလည်းဘာမှမရှိတော့
ဒီစာရေးနေရတဲ့ကိစ္စပဲကျွန်မအလုပ်ဖြစ်နေတာ။
ဝါသနာပါတာပဲရှိတယ်၊ရေးတတ်လွန်းလို့တော့မဟုတ်ဖူး။ ကျွန်မစာတွေရေးခဲ့တဲ့ကာလတော်တော်ကြာကြာအထိ၊ကျွန်မရဲ့စာတွေမဂ္ဂဇင်း၊ဂျာနယ်တွေမှာ
ပါမလာခဲ့တာကြောင့်လည်း ၊ ကျွန်မစိတ်ဓါတ်ကျဖူးသေးတယ်။
“၀ါသနာပါသောအလုပ်သည်အဘယ်မျှသိမ်ငယ်စေကာမူ အလုပ်ကြီးဖြစ်နိုင်လေသည်” ဆိုတဲ့
ဆရာကြီးပီမိုးနင်းရဲ့ရေးသားထားချက်လေးကိုတွေ့ ရတော့၊ ကျွန်မအားတက်လာမိတာပဲ။ အဲဒီမှာတင်ကျွန်မစာတွေကိုဆက်ရေးဖြစ်တော့တာ။ စာရေးတဲ့အလုပ်ကိုတော့သိမ်ငယ်တယ်လို့ဘယ်တုန်းကမှကျွန်မ မယူဆခဲ့ဖူးပါဘူး။
လက်သမားအလုပ်ကိုဝါသနာပါတဲ့သူကဗိသုကာကြီး၊ကန်ထရိုက်တာကြီးဖြစ်နိုင်တယ်။
ပန်းထိမ်ဝါသနာပါတဲ့သူလည်းရွှေကျောက်ကုန်သည်ကြီးအထိဖြစ်လာနိုင်တယ်လို့ ပီမိုးနင်းကဆိုပါတယ်။
ဟုတ်ပါတယ်။ ဘယ်ကိစ္စမဆိုလည်းအခြေခံကစလုပ်ကြရတာပဲလေ။
ယနေ့ခေတ်ချမ်းသာကြွယ်ဝနေတဲ့သူဌေးကြီးတွေလည်း၊ဟိုတစ်ချိန်ကအောက်ခြေကစပြီး
လုပ်ကိုင်ခဲ့ကြရတာပါ။ ဒါပေမယ့် သူတို့ စိတ်ချမ်းသာကြပါရဲ့လား။
သူတို့လုပ်တဲ့အလုပ်ကသူတို့စိတ်ဝင်စားတဲ့အလုပ်မျိုးရောဖြစ်ကြပါရဲ့လား။
အဓိကကတော့၊ ကိုယ်လုပ်တဲ့အလုပ်ကကိုယ်စိတ်ချမ်းသာဖို့အရေးကြီးတာပါပဲ။
စိတ်မချမ်းသာတဲ့အလုပ်ကိုကိုယ်လုပ်နေရပြီဆိုရင်လည်း၊ကိုယ်ဟာပျော်ရွှင်တဲ့သူတစ်ယောက်
ဖြစ်နိုင်မှာမဟုတ်တော့ပါဘူး။ ဘာမှမလုပ်ပဲနေတဲ့သူဆိုရင်လည်း ဆရာတော်ပြောသလို စိတ်ချမ်းသာမှုရေရှည်ရှိနိုင်ပါ့မလား။
ကျွန်မ အစ်ကိုတစ်ဝမ်းကွဲတစ်ယောက်ရှိပါတယ်။ သူကဆယ်တန်းအောင်တုန်းက
ဂုဏ်ထူးတွေအများကြီးနဲ့ဆေးတက္ကသိုလ်တက်လို့ရပါတယ်။
ဒါပေမယ့်၊ သူကလည်းသူဝါသနာပါတဲ့ စက်မှုတက္ကသိုလ်ကိုပဲတက်ခဲ့ပါတယ်။
ဒါကြောင့် သူ ဟာခုဆိုရင် အောင်မြင်တဲ့အင်ဂျင်နီယာတစ်ဦးဖြစ်သွားခဲ့ပါတယ်။ တကယ်လို့သာမိဘများကလည်းအတင်းအကြပ်ဆရာဝန်သာလုပ်ခိုင်းခဲ့မယ်ဆိုရင်
သူဝါသနာမပါတဲ့အလုပ်မို့၊ဆရာန်သာဖြစ်သွားခဲ့ပေမယ့် ထူးချွန်တဲ့ ဆရာန်တစ်ယောက်ဖြစ်လာပါ့မလားမသိနိုင်ပါဘူး။
ဒါကြောင်ကိုယ့်ဝါသနာပါတဲ့အလုပ် ဟာကိုယ်စိတ်ချမ်းသာတဲ့အလုပ်ပဲမို့၊
ဘယ်လောက်ပဲသိမ်ငယ်နေပါစေရဲရဲဝံ့ဝံ့ဆုံးဖြတ်ကာလုပ်ကိုင်နိုင်ဖို့လိုပါတယ်။ သူတစ်ပါးအထင်ကြီးအောင်လုပ်တဲ့အလုပ်မျိုးဟာ တစ်ခဏတာသာလုပ်ကိုင်နိုင်မှာဖြစ်ပြီး၊ ကိုယ့်အတွက်စိတ်ချမ်းသာမှုလည်းရေရှည်ပေးစွမ်း နိုင်မှာမဟုတ်ပါဘူး ဆိုတာကိုယုံကြည်စေချင်ပါတယ်။

ကြွေးနှစ်မျိုး
ဥစ္စာအချစ်_ ကြွေးစစ်နှစ်ပြင်
ဥစ္စာအကြွေး_ လူရေးမ၀င်
အချစ်ကြွေးက_ ပူဆွေးအစဉ်
အကြွေးကင်းက_ အေးခြင်းထာဝစဉ်
*လူ့ ရွာမှတ်ရေး၊ ဥစ္စာကြွေးထက်၊ ချစ်ကြွေးတင်လျှက်၊ အဆပ်ခက်။
ဤသို့ ဆိုရိုးအမျိုးမျိုးရှိကြသည်။ မည်သို့ ဆိုစေလောက၌ကြွေးရှိလျှင်
ပြန်လည်ပေးဆပ်ထိုက်သည်ကိုမူအားလုံးလက်ခံထားကြသည်သာ....
ဓမ္မ၀ီရဂျာနယ် မှ ကူးယူရေးသားပါသည်။

Subscribe to:
Posts (Atom)